ခင်ဗျားရယ် ကျုပ်ရယ်.......လမ်းခွဲမှာတွေ့ မယ်... Friday, August 6th, 2010
ရွေ့လျားမှုမရှိရင် ပြီးမြောက်မှုရှိပါ့မလား
လူတွေက မေးမယ် ဆိုတာချည်းပဲ.........
ငါတို့မှာလဲ ခနော်ခနဲ့တည်ဆောက်ထားတဲ့အမှန်တချို့ ကိုရင်ဝယ်ပိုက်လို့........
အဲဒီ ........လောကဓံကို ခြေစုံကန်တယ်လို့တော့မဆိုချင်ဘူး.......
ငါတို့ မျက်စောင်းတော့ ထိုးသင့်တယ်....
ငါတို့မှာလဲ ခနော်ခနဲ့တည်ဆောက်ထားတဲ့အမှန်တချို့ ကိုရင်ဝယ်ပိုက်လို့........
အဲဒီ ........လောကဓံကို ခြေစုံကန်တယ်လို့တော့မဆိုချင်ဘူး.......
ငါတို့ မျက်စောင်းတော့ ထိုးသင့်တယ်....
အဆင်မပြေလို့ သက်ပြင်းချတာမဟုတ်ဘူး
မသက်သာလို့ အတင်းမျိုချနေတာ
''အခါမသင့်တော့ င့ါ လည်မှာနင်တယ်...
စူးနင်ရင် ငှက်ပျောသီးမျို ပျောက်ချင်ပျောက်မယ်
အမှန်တရား နင်ရင်တော့ ....
ငါ တို့ ငှက်ပျောသီးမျိုကြည့်ကြမှာလား"
မသက်သာလို့ အတင်းမျိုချနေတာ
''အခါမသင့်တော့ င့ါ လည်မှာနင်တယ်...
စူးနင်ရင် ငှက်ပျောသီးမျို ပျောက်ချင်ပျောက်မယ်
အမှန်တရား နင်ရင်တော့ ....
ငါ တို့ ငှက်ပျောသီးမျိုကြည့်ကြမှာလား"
ခိုးခိုးရှိုက်ရတဲ့သက်ပြင်းက
ဆေးလိပ်ခိုးသောက်ရင်းလူမိတဲ့ ကာလထက်ဆိုးတယ်......
ငါတို့က၀ှက်ထားတဲ့ဖဲတစ်ချို့ ကို
လှပ်ကြည့်ဖို့ ကြိုးစားလို့...........
ဆေးလိပ်ခိုးသောက်ရင်းလူမိတဲ့ ကာလထက်ဆိုးတယ်......
ငါတို့က၀ှက်ထားတဲ့ဖဲတစ်ချို့ ကို
လှပ်ကြည့်ဖို့ ကြိုးစားလို့...........
လိုချင်တဲ့ အပွင့်တွေ မတွေ့တော့
မျက်နှာတွေက စုတ်ချက်တွေကြမ်းပ...
သမိုင်းဆိုတာ
နဖားကြိုးထိုးပြီးကိုယ်ထင်ရာကိုယ်စိုင်း
ရိုက်နှက်မောင်းနှင်ရတဲ့ နွား တစ်ကောင်မဟုတ်ဘူး...
လက်ရှိပြီး ဦးနှောက် မရှိတဲ့ သူတွေလက်ထဲ
ကလောင်ထည့်ပေးတော့...
မင်းမြင်နေတဲ့ အမည်းစက်က
EMo လက်သည်း ဆိုးထားတာမဟုတ်ဘူး
သမိုင်းကို မင်ဖို့ သဂြိင်္ုဟ် နေကြတာ
ကြိုးတန်းပေါ် လမ်းလျှောက်ကြွေးကြော်ရင်း
လက်ခုပ်သံတွေကြား
မှေးမှိန်သွားတဲ့
ငါတို့ရဲ့ သူရဲကောင်းတွေ...
ချောင်ထိုး ဖုန်တတ် ကျိုးကြေနေတဲ့
စာမျက်နှာတွေကြားမှာ
မေ့လျော့ခံနေရပါပေါ့

လူတွေက လဲ ပါးရဲထိုးထားတဲ့ခံယူချက်တွေနဲ့ ...
မွေ့လျော်နေပေါ့.........
ဒဏ်ရာပါးပါးဆိုပေမဲ့ ဆေးမတိုးတဲ့အခြေအနေမှာတော့
အသည်းအသန်ဆိုတဲ့ဆိုင်းဘုတ်ကိုငါတို့ထောင်ထားဖို့လိုအပ်နေပြီ
မွေ့လျော်နေပေါ့.........
ဒဏ်ရာပါးပါးဆိုပေမဲ့ ဆေးမတိုးတဲ့အခြေအနေမှာတော့
အသည်းအသန်ဆိုတဲ့ဆိုင်းဘုတ်ကိုငါတို့ထောင်ထားဖို့လိုအပ်နေပြီ
(ဘယ်လိုလဲ...တဖြည်းဖြည်းနဲ့ ပြင်းထန်လာတယ်)
ဖြုတ်ချထားတဲ့ဆင်ဆာတွေကြားမှာ
ငါတို့တွေးခေါ်မှုက ရေချိန်မြင့်လာခဲ့ပြီ......
ဖြုတ်ချထားတဲ့ဆင်ဆာတွေကြားမှာ
ငါတို့တွေးခေါ်မှုက ရေချိန်မြင့်လာခဲ့ပြီ......
နေကာမျက်မှန်တွေတပ်ပြီး မြင်ရတဲ့အမှန်တရားကို
ငါတို့တွေ ဖမ်းဆုပ်ထားရမှာလား..ကွယ်.........
စီးချင်းထိုးမယ်ဆိုမှ မြင်းက ပျောက်ရတယ်လို့..........
ဟင့်အင်း
ငါတို့ဟာ မြေပြင်တစ်နေရာမှာရှိနေတာကို တိုက်ပွဲဖန်တီးသူတွေ သိလို့မဖြစ်ဘူး
ငါတို့တွေ ဖမ်းဆုပ်ထားရမှာလား..ကွယ်.........
စီးချင်းထိုးမယ်ဆိုမှ မြင်းက ပျောက်ရတယ်လို့..........
ဟင့်အင်း
ငါတို့ဟာ မြေပြင်တစ်နေရာမှာရှိနေတာကို တိုက်ပွဲဖန်တီးသူတွေ သိလို့မဖြစ်ဘူး
ငြိမ်းချမ်းရေးငှက် တောင်
အသိုက်ပျောက်ဘ၀မို့ ခိုနားရာလိုတယ်...
စစ်ပြီးပေမယ့် လက်မှာ သွေးတွေမခြောက်သေးဘူး
နေရာ ဆိုတာ...အာဏာမလိုဘူး
ငြိမ်းချမ်းတာပဲ လိုတယ်...
အသိုက်ပျောက်ဘ၀မို့ ခိုနားရာလိုတယ်...
စစ်ပြီးပေမယ့် လက်မှာ သွေးတွေမခြောက်သေးဘူး
နေရာ ဆိုတာ...အာဏာမလိုဘူး
ငြိမ်းချမ်းတာပဲ လိုတယ်...
ပင်လယ်ပြင်ဟာတိတ်ဆိတ်ပေမဲ့........
လှိုင်းကြမ်းတွေရှိတယ်.......
နွားအုပ်ဟာ နဖားကြီုးတွေနဲ့ဆိုပေမဲ့ ပြန်ဝှေ့တတ်ပါတယ်........
အလင်းပွင့်တွေနဲ့ မက်မက်စက်စက်.....
တောက်ပနိုင်တဲ့အခါ .......
သံပြိုင်တေးတွေဆိုကြတာပေါ့
လှိုင်းကြမ်းတွေရှိတယ်.......
နွားအုပ်ဟာ နဖားကြီုးတွေနဲ့ဆိုပေမဲ့ ပြန်ဝှေ့တတ်ပါတယ်........
အလင်းပွင့်တွေနဲ့ မက်မက်စက်စက်.....
တောက်ပနိုင်တဲ့အခါ .......
သံပြိုင်တေးတွေဆိုကြတာပေါ့
ရောင်နီကို မျှော်ကြတာပေါ့...
အမှောင် ကနေ....
ကြွေလိုက်ပါတော့လား.....
ရောင်နီဦးဆိုတာ မာဆတ်နာမည်မဟုတ်ဘူး.......
ဆည်းဆာဆို သည် အနှိပ်သည် မလေးမဟုတ်ဘူး......
မျှော်လင့်ခြင်းဆိုတာ ပန်ဒိုရာထဲမှာ မဟုတ်ဘူး.........
ခြေနှစ်ချောင်းသတ္တ၀ါတွေရဲ့  အန်ဖတ်တွေဖြစ်တယ်........

အန်ဖတ်တွေများနေလား..........
ရန်ထပ်ဖြစ်နေကြမှာလား.........
ဆန်တက်ဖို့မကြိုးစားတော့ဘူးလား......
ဒဏ်တပ်ခံရမှာကြောက်ရင်........
မှန်တပ်တားတဲ့မျက်မှန်မဲကြီးတွေနဲ့ နေခဲ့ကြပေါ့.........
ငါတို့တွေသွားနှင့်ပြီ.........
ငါ တို့ တွေ သွား နှင့် ပြီ.........
ငါ......................တို့................တွေ.............သွား..............နှင့်............ပြီ

လွမ်းတေးချို + မင်းငြိမ်းဟန်
တစ်ယောက်နဲ့တစ်ယောက် gtalk မှာ စကားပြောရင်းရေးမိသွားတယ်............ပြောရင်းဆိုရင်းထွက်ကျလာတဲ့
စကားပဒေသာ တွေပါ............. It was written by me and pauksi 6 years ago. I just found it again .
စကားပဒေသာ တွေပါ............. It was written by me and pauksi 6 years ago. I just found it again .
Comments
Post a Comment