နာကျင် အချိန်ပို
နာကျင်မှုတွေ စိုးရွံ့  မှုတွေနဲ့
အသားကျပြီးတဲ့နောက်
အလိုလို နာကျင်နေရတာ
စိုးရွံ့  နေရတာတွေကို အထူးအဆန်းလို
လာလာကြည့်ကြတယ်
ဘာကြောင့်လဲလို့မေးတယ်
ငါနင့်ကို သိပ်မသင်္ကာ ဘူး
နင်တစ်ခုခု အမှားလုပ်ထားတယ်မလား ဖြေစမ်း တဲ့
လုံလောက်တဲ့ အဖြေ ဘယ်သူပေးနိုင်မှာလဲ ။
မတတ်နိုင်ဘူး မဟုတ်လား
အနှိုင်းခံရမယ် အရိုင်းဆန်ကြမယ်
ဘယ်တတ်နိုင်ပါ့မလဲ နာကျင်လိုက်ပေါ့
ဘယ်မှာမှ ရှာမတွေ့တော့တဲ့
နှစ်သိမ့်ဆွေးနွေးနည်း တစ်ခုရှိတယ်
မျက်စောင်း ပဲ
ယုံချင်ယုံ မယုံချင်နေ
နာကျင်ရမယ်
လွမ်းတေးချို
20.4.2016
အသားကျပြီးတဲ့နောက်
အလိုလို နာကျင်နေရတာ
စိုးရွံ့  နေရတာတွေကို အထူးအဆန်းလို
လာလာကြည့်ကြတယ်
ဘာကြောင့်လဲလို့မေးတယ်
ငါနင့်ကို သိပ်မသင်္ကာ ဘူး
နင်တစ်ခုခု အမှားလုပ်ထားတယ်မလား ဖြေစမ်း တဲ့
လုံလောက်တဲ့ အဖြေ ဘယ်သူပေးနိုင်မှာလဲ ။
မတတ်နိုင်ဘူး မဟုတ်လား
အနှိုင်းခံရမယ် အရိုင်းဆန်ကြမယ်
ဘယ်တတ်နိုင်ပါ့မလဲ နာကျင်လိုက်ပေါ့
ဘယ်မှာမှ ရှာမတွေ့တော့တဲ့
နှစ်သိမ့်ဆွေးနွေးနည်း တစ်ခုရှိတယ်
မျက်စောင်း ပဲ
ယုံချင်ယုံ မယုံချင်နေ
နာကျင်ရမယ်
လွမ်းတေးချို
20.4.2016
Comments
Post a Comment