ပုံတွေထဲက ကမ္ဘာ

ပူတင်က တရားမျှတ မှုကို သေနတ်နဲ့ ထုတ်ချိန်လိုက်တယ်
အချိန်မတန်သေးပဲ လေဘာတီရုပ်ထုဟာ ခေါင်းပြတ်သွားတယ်
ခေါင်းမပြတ်ခင် လူတစ်ယောက်က မတော်မတရားပြုကျင့်ခဲ့သေးတယ် ။
မကြာခဏ ပါးရိုက်ခံရတော့ သူလည်း ဘယ်နေမလဲ
ချိန်ခွင်လေးကို လွှတ်ချလိုက်တယ်
လွတ်ကျသွားသယောင်ပေါ့ သိပ်လှတယ်
ငြိမ်းချမ်းရေးလို့အော်ပြီး လက်နက်တွေထုတ်နေတာလည်း သူတို့
တစ်ယောက်ကိုတစ်ယောက် အမြစ်ဖြတ်လိုက်မှ
ငြိမ်းချမ်းမယ်လို့ သူတို့ထင်တယ်
တရားမျှတသော စစ်ပွဲ တွေ ဘာတွေ
နာမည်ပေးလိုက်ကြတာပေါ့ ။
ဝန်ကြီးချုပ်က လည်း နယ်ရုပ်ပဲ မျက်လုံးကို မမြင်ရအောင် စည်းလိုက်တယ်
ဂိုး လို့ မအော်ရသေးဘူး ဒိုင်လူကြီးက ခရာမှုတ်လိုက်တယ်
ဂိုးဖမ်းသူဟာ ထွက်ပြေးခဲ့ရတယ် ။ လူသတ်ကောင်ကို ဖမ်းမမိသေးဘူး ။
ဥပဒေကို အလုံပိတ်ထားရတယ်
ကြိုးတုပ်ထားရတယ် အကျဉ်းစခန်းထဲမှာ အရာရာဟာ
တရုတ်ထုတ်ပစ္စည်းတွေချည်းပဲ
မြောက်ကိုးရီးယားက ဒုံးပျံကြီး တပြပြနဲ့
ဒီမိုကရေစီကို ဂရိက ဖုန်းဆက်တယ်
ဟေး ငါ့ကို နည်းနည်းပြန်ကျွေးပါ ၊ ငါလည်း စားချင်လို့ပါ တဲ့

လွမ်းတေးချို
ဝ.၄.၂၀၁၆
ပုံတွေကြည့်မိရင်းရေးမိတဲ့ကဗျာ ။

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်