မမဇင် သိမလားတော့ မသိဘူး ကျနော် မိုးရွာထဲလမ်းလျှောက်တတ်ခဲ့ပြီ
ထီးကလေးမရှိလည်း ၀ဿန်မိုးတွေရောက်လာမှာ အမှန်ပဲ မမဇင်
အဲယားကွန်းမရှိလည်း နွေရာသီတွေ ရောက်လာမှာ အမှန်ပဲ မမဇင်
ထုံးစံအတိုင်း မီးပျက်မယ်
မမဇင်
ထုံးစံအတိုင်း မီးပျက်မယ်
မမဇင်
မမဇင်ကို မတွေ့နိုင်တဲ့အခါ
ကျနော် အမှောင်ခန်းတွေကို မျှော်တယ်
ကျည်ဆန်ရထားကို ဖမ်းမမိတော့တဲ့ လှိုက်ခေါင်းအိုတစ်ခုလို
ကျနော် အမှောင်ခန်းတွေကို မျှော်တယ်
ကျည်ဆန်ရထားကို ဖမ်းမမိတော့တဲ့ လှိုက်ခေါင်းအိုတစ်ခုလို
စကြာဝဠာတစ်ခု မကသော
ဂင်္ဂါဝါလု သဲစုမကသော
သံစဉ်တွေရှားပါးလာတဲ့ ဂစ်တာတစ်လက်ရဲ့ 
ရိုးတံပြိုင်းပြိုင်း အာခေါင်ခြစ်အော်သံများ အဆုံး
ဂင်္ဂါဝါလု သဲစုမကသော
သံစဉ်တွေရှားပါးလာတဲ့ ဂစ်တာတစ်လက်ရဲ့ 
ရိုးတံပြိုင်းပြိုင်း အာခေါင်ခြစ်အော်သံများ အဆုံး
ကီးဘုတ်ပေါ်က လက်ချောင်းတွေဟာ
ရှင်သန်ထမြောက်သွားတဲ့ စကားလုံးတွေနောက်ကို
အမောတကော လိုက်ရှာနေသလိုမျိုး
မမဇင်အတွက်
မမဇင်ရဲ့ မာနတွေအတွက်
မမဇင်ရဲ့  အနာဂတ်အတွက်
မမဇင်ရဲ့  တောက်ပခဲ့သော တောက်ပလိုသော အတိတ်အတွက်
ပစ္စုပ္ဗန်တည့်တည့် ကျနော် ရှင်နေရပါတယ်
ရှင်သန်ထမြောက်သွားတဲ့ စကားလုံးတွေနောက်ကို
အမောတကော လိုက်ရှာနေသလိုမျိုး
မမဇင်အတွက်
မမဇင်ရဲ့ မာနတွေအတွက်
မမဇင်ရဲ့  အနာဂတ်အတွက်
မမဇင်ရဲ့  တောက်ပခဲ့သော တောက်ပလိုသော အတိတ်အတွက်
ပစ္စုပ္ဗန်တည့်တည့် ကျနော် ရှင်နေရပါတယ်
မမဇင် ဆီကို
ကမ္ဘာကြီးက နေထိုင်ခွင့်တောင်းတယ် လို့သိရတယ်
မမဇင် ငြင်းလိုက်ပါ
ကျနော်ဟာ ကမ္ဘာလောက်ကို ဂရုမစိုက် စာရင်းမသွင်းတဲ့
ကြီးကြီးကျယ်ကျယ် လူ့ဗလံလေးပါ
အခုတော့လည်း အလွမ်းဒဏ်ကြောင့်
ပြည့်သယောင်ယောင်နဲ့ ၀ခဲ့ပြီမို့လို့
ကမ္ဘာနှစ်ခုစာ တာဝန်ယူပါတယ်
ကမ္ဘာကြီးက နေထိုင်ခွင့်တောင်းတယ် လို့သိရတယ်
မမဇင် ငြင်းလိုက်ပါ
ကျနော်ဟာ ကမ္ဘာလောက်ကို ဂရုမစိုက် စာရင်းမသွင်းတဲ့
ကြီးကြီးကျယ်ကျယ် လူ့ဗလံလေးပါ
အခုတော့လည်း အလွမ်းဒဏ်ကြောင့်
ပြည့်သယောင်ယောင်နဲ့ ၀ခဲ့ပြီမို့လို့
ကမ္ဘာနှစ်ခုစာ တာဝန်ယူပါတယ်
သစ်ခွပင်လေးကို ဖမ်းဆုပ်မိတော့ မမဇင် ရဲ့  အသက်ကိုကျနော်ခန့်မှန်းမိတယ်
ချစ်သက်= သုည
မကြားလည်း အော်ရမှာ
ကောင်းကင်ရဲ့ တာဝန်မဟုတ်လား
နားတွေဆီကို ခရီးမတွင်ဘူး မမဇင်
ချစ်သက်= သုည
မကြားလည်း အော်ရမှာ
ကောင်းကင်ရဲ့ တာဝန်မဟုတ်လား
နားတွေဆီကို ခရီးမတွင်ဘူး မမဇင်
ဝတ်မှုန်စတွေ လေထဲမှာ တိုးတိုက်မိသလိုမျိုး
ကျဆင်းဆဲ မိုးစက်နှစ်ပွင့်ဟာ မြေပေါ်မရောက်ခင်
ပေါင်းစည်းမိကြသတဲ့
ဒီအရွယ်ရောက်မှ သက်တံကို အသာတကြည် ကြည့်ဖူးတဲ့
သဘာဝ ငတ်တဲ့ ကောင်ဟာ
ကျနော်ပါ မမဇင်
ကျဆင်းဆဲ မိုးစက်နှစ်ပွင့်ဟာ မြေပေါ်မရောက်ခင်
ပေါင်းစည်းမိကြသတဲ့
ဒီအရွယ်ရောက်မှ သက်တံကို အသာတကြည် ကြည့်ဖူးတဲ့
သဘာဝ ငတ်တဲ့ ကောင်ဟာ
ကျနော်ပါ မမဇင်
မမဇင်က ကျနော့် နှုတ်ခမ်းမွှေးတွေကို
ရွံ့  စရာကြီးတဲ့
ပန်းကလေးက မွှေးတယ်နော်လို့
ကားဆရာကြီးကို ပြောမိတဲ့အခါ
အဲ့ဒါ စက္ကူပန်းကြီးလို့ တုန့်ပြန်ခံရတယ်
အိမ်ကထွက်တော့ အရောင်မတူတဲ့ ဖိနပ်တစ်ရံနဲ့အတူ
အဆင်ပြေတယ်ဆိုတာ ဘာကြီးလဲ
မမဇင်
ရွံ့  စရာကြီးတဲ့
ပန်းကလေးက မွှေးတယ်နော်လို့
ကားဆရာကြီးကို ပြောမိတဲ့အခါ
အဲ့ဒါ စက္ကူပန်းကြီးလို့ တုန့်ပြန်ခံရတယ်
အိမ်ကထွက်တော့ အရောင်မတူတဲ့ ဖိနပ်တစ်ရံနဲ့အတူ
အဆင်ပြေတယ်ဆိုတာ ဘာကြီးလဲ
မမဇင်
ကျောင်းတံခါးကို ပိတ်ထားတယ်
အထဲဝင်မရတော့ ကျနော် ကျောင်းပျက်တယ်
စာမလိုက်နိုင်တော့လည်း
ဘာထူးတော့လဲ
စာလိုက်နိုင်တော့လည်း
ဘာပိုထူးလာမှာမို့လို့လဲ မမဇင်
အထဲဝင်မရတော့ ကျနော် ကျောင်းပျက်တယ်
စာမလိုက်နိုင်တော့လည်း
ဘာထူးတော့လဲ
စာလိုက်နိုင်တော့လည်း
ဘာပိုထူးလာမှာမို့လို့လဲ မမဇင်
ရဲရဲဝင့်ဝင့်ပြောရရင်
နံရံတွေပေါ်မှာ မမဇင်ရှိနေမယ်
ကင်တင်းတွေမှာ မမဇင်ရှိနေမယ်
မမဇင်ရဲ့  မရှိခြင်းဟာ
နေရာအနှံ့မှာ ရှိခြင်းအဖြစ် ဖြစ်တည်ခဲ့တယ်
ဘယ်လိုစွမ်းအင်မျိုးပါလိမ့်
နေရာအနှံ့မှာ ရှိခြင်းအဖြစ် ဖြစ်တည်ခဲ့တယ်
ဘယ်လိုစွမ်းအင်မျိုးပါလိမ့်
ကျောင်းပြန်ဖွင့်ချိန်ကိုမျှော်တယ်
မျှော်ပါများတော့လည်း
မျှော်ရတာ ပျော်လာသလိုလို
ဒီလောက်ပါပဲ မမဇင်
မျှော်ပါများတော့လည်း
မျှော်ရတာ ပျော်လာသလိုလို
ဒီလောက်ပါပဲ မမဇင်
လူ့ဗလံလေး လူပါးတွေ ၀ တတ်နေပါပြီ
လူ့ဗလံလေး ဗိုက်သားတွေ ၀ထွက်နေပါပြီ
လူ့ဗလံလေး နှုတ်ခမ်းမွှေးတွေ ရိတ်မိနေပါပြီပေါ့
လူ့ဗလံလေး ဗိုက်သားတွေ ၀ထွက်နေပါပြီ
လူ့ဗလံလေး နှုတ်ခမ်းမွှေးတွေ ရိတ်မိနေပါပြီပေါ့
အော်မမဇင်ရေ
စာအိတ်ကလေးကိုဖွင့်
ဒီစာကို ဖတ်လိုက်နော်
တော်သေးပြီပေါ့
စာအိတ်ကလေးကိုဖွင့်
ဒီစာကို ဖတ်လိုက်နော်
တော်သေးပြီပေါ့
လွမ်းတေးချို
၂၀၁၂
၂၀၁၂
Comments
Post a Comment