နှင်းညများ



ဇာတ်ဝင်ခန်း (၁)
မမတို့ဆီမှာ နှင်းတွေကျလို့ မဖြစ်သေးဘူးမမ ။ နှင်းတွေဟာ အေးခဲမှုကို အသက်သွင်းကြလိမ့်မယ်။ အေးခဲမှုတွေဟာ ကျနော်တို့ကြားက အေးစက်တဲ့ ဆက်ဆံရေးကို ခဲသထက်ခဲအောင် ၊ ကျဲသထက်ကျဲအောင်လုပ်ကြလိမ့်မယ်။  မမဆီမှာ ကျနော်မဟုတ်တဲ့ တခြားတစ်ယောက်ရှိနေတယ်။ မမက အဲ့ဒီတစ်ယောက်ကို တံခါးတွေ ဖွင့်ထားပေးခဲ့တယ်ဆို ။
နှင်းတွေနဲ့ ပတ်သက်လို့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် မမ ။
နှင်းကျတဲ့ညတစ်ညမှာ မမဆီကို မမ မချစ်တဲ့သူတစ်ယောက် တစ်နည်းအားဖြင့် မမ စိတ်ထဲမှာ ဘယ်လိုမှ နေရာယူမထားတဲ့သူတစ်ယောက်ရှိနေခဲ့တယ်။ မမ ငိုတယ်။ မမရဲ့  ငိုသံဟာ နှင်းထုထဲကို တိုးဝင်ပျောက်ဆုံးသွားတယ်။ အဲ့ဒီတစ်ယောက်က ဘယ်သူလဲဆိုတာ မမလည်း မသိဘူး။
အဲ့ဒီပုံပြင်ကို သိနေရခြင်း အတွက် မမ ဟာ မေ့ပျောက်ထားတဲ့ အတိတ်နဲ့  ကျနော့်ကို ချိတ်ဆက်တော့မယ်။ မမ မုန်းတီးနေတဲ့သူဟာ ကျနော်များဖြစ်နေမလားလို့ မမ သံသယ၀င်လာမယ်။
အခုဆို မမ အိပ်မက်ဆိုးတွေကြောင့် လန့်လန့်နိုးနေတယ်။ ကျနော်သိသားပဲ ။ မမ ဟာ အပြင်ပိုင်းမှာ မာကျောပြီး အတွင်းစိတ်က သိပ်နူးညံ့တာ ။

ဇာတ်ဝင်ခန်း (၂)
မမ သိပါတယ် မောင်လေးရယ်။ အဲ့ဒီ အကြည့် တွေထဲမှာ လျှံကျနေတဲ့ အကြင်နာတွေ ရှိနေတယ်ဆိုတာ။ ဆောင်းည တစ်ညမှာ မမ ဆီကို လူသိမခံပဲ ရောက်လာခဲ့တဲ့ ကောင်လေး တစ်ယောက်ဟာ မင်းပဲ မဟုတ်လား ။ မင်းဝန်ခံလိုက်စမ်းပါ ။ မမ က မင်းပဲ ဖြစ်မယ်ဆိုတာ တစ်ထစ်ချ ယုံကြည်ပြီးသား ။ မမက မင်းမှန်း သိသားပဲ ။
အဲ့ဒီညက မမတို့ ညနေက မမတို့ ဆိုင်တစ်ဆိုင်မှာ ထိုင်ကြတယ်။ အပြန်မှာ မောင်လေးက မမကို အိမ်လိုက်ပို့တယ်။ ပြီးတော့ နမ်းမိတော့ မလိုလို ဖြစ်ကြသေးတယ်။ မမ တံခါးလေးကို စေ့ထားပေးတယ်။ မောင်လေး အိမ်ထဲဝင်လာတယ်။ မမ ရေချိုးခန်းထဲကနေထွက် လာတယ်။ မောင်လေးအတွက် မမ တံခါးတောင်ဖွင့် ထား ခဲ့ ပြီးပြီပဲ ။ ဘာလို့များ မမဆီ ရောက်မလာခဲ့တာလဲ ။ အမှောင်ခန်းတစ်ခုထဲဝင်ပြီး မောင်လေး ပျောက်ကွယ်သွားခဲ့တယ်။
အဲ့ဒီတုန်းက မမ ငိုမိတယ်။ မျက်ရည်ဟာ ၀မ်းနည်းခြင်း သဘောကို အမြဲဆောင်မနေဘူး မောင်လေး ။ မောင်လေးနဲ့ မမ အကြောင်းတွေးမိလိုက်တာနဲ့ ရင်ထဲမှာ နွေးခနဲ ဖြစ်သွားတယ်။
မမ မင်းကို စိတ်ဝင်စားပေမယ့် မာကျောချင်ယောင်ဆောင်ထားတယ်။ လူမှုကွန်ယက်တွေပေါ်က မင်းရဲ့ ဓာတ်ပုံလေးတွေကို ငေးကြည့်နေမိတယ်။ မောင်လေးရေ မမဆီလာခဲ့ပါတော့ ။

ဇာတ်ဝင်ခန်း (၃)
အဲ့ဒီနေ့က နှင်းတွေကျနေတယ်။ အိပ်စက်ဖို့ တစ်နေရာရာတော့ လိုနေပြီ ။ မီးရောင်ကလေး လင်းနေတဲ့ အိမ်တစ်အိမ်ကို တွေ့တယ်။ အနီးနားရောက်အောင် လျှောက်သွားတယ်။ တံခါးခေါက်ဖို့ပြင်တယ်။ တံခါးလေးက စေ့ရုံပဲ စေ့ထားတော့ အထဲကို ၀င်မိသွားတယ်။ အပြင်မှာ အရမ်းအေးနေပြီ ။ ထူးထူးခြားခြား မြင်ကွင်းတစ်ခုကို တွေ့ ရတယ်။ ကောင်မလေး တစ်ယောက်ရဲ့  ၀စ်လစ်စလစ် အလှ ။ ရေချိုးခန်းထဲက အထွက် မွှေးပွ တဘက်ကြီးကို လွှမ်းခြုံလိုက်တဲ့မြင်ကွင်း ။  စိတ်မထိန်းနိုင်တာနဲ့ အမှောင်တစ်နေရာကို သွားပြီး တစ်ကိုယ်ရည် အာသာဖြေလိုက်တယ်။ ကိုယ်ရောက်နေတာကို ကောင်မလေးက သိနေပုံရတယ်။ ငိုသံတရှိုက်ရှိုက်ကြားတယ်။

ဇာတ်ဝင်ခန်း (၄)
ဟိုကောင်ကြီးက တကယ့်ဂြိုလ်ကောင်ပဲ ။ တော်သေးလို့ပေါ့ အဲ့ကောင် မုဒိန်းမှုနဲ့ အချုပ်ထဲမရောက်တာ ။ ကောင်မလေး တစ်ယောက်ရဲ့  အိမ်ထဲဝင်ပြီး ဂွင်းတိုက်ခဲ့တယ်တဲ့ ။ အဲ့ကောင် ငဂေါက် ။ ဟိုကလည်း သိတယ်ဆိုပဲ ။ လောကကြီးက ဘယ်လိုတွေ ဖြစ်နေပါလိမ့် ။  အဲ့ဒီအကြောင်း ၀တ္ထုလေးတစ်ပုဒ်ရေးဖြစ်တယ်။ နာမည်တွေ ဖျက်ပြီးရေးပေမယ့် အိမ်အနေအထားတွေ ဘာတွေကတော့ ဒီအတိုင်း ထည့်ရေးလိုက်တယ်။ အဲ့ဒါမှ ဂွကျရော အဲ့ဒီကောင်မလေးကို သွားကြောင်နေတဲ့ စောက်ရူးတစ်ကောင်က အဲ့ဒီ ၀တ္ထုကို ဖတ်မိသွားတယ်။

ဇာတ်ဝင်ခန်း (၅)
အဲ့ဒီအိမ်က ကောင်မလေးပေါ့ ။ အိမ်တံခါးလေး အသာအယာစေ့ထားမယ်။ ဘယ်သူပဲဝင်ဝင် ဘယ်သူပဲထွက်ထွက် သူ့မှာ ပြုံးပျော်နေတာ ။ ယောက်ျားတွေ တရုန်းရုန်းနဲ့ ။ ရိပ်ဖမ်းသံဖမ်း ပြောကြည့်ပါသေးတယ်။ နားလည်းဝင်ပုံမရပါဘူး ။ ခေတ်လူငယ်တွေများ တော်တော်ကိုခက်တယ်။ ကိုယ်နဲ့လည်း အသက်ကွာလှ ငါးနှစ်ဆယ်နှစ်ပေါ့ ။ ဒါပေမယ့်လည်း သူတို့ကိုတော့ ကိုယ်ဖြင့် နားမလည်နိုင်ပါတော် ။

ဇာတ်ဝင်ခန်း (၅)
ဒီနေ့ ပျင်းပျင်းရိရိ ရှိတာနဲ့ အခုလိုမျိုး ထိုင်ရေးနေမိတော့တာပါပဲ ။

လွမ်းတေးချို
၂၉.၆.၂၀၁၈

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်