အမှတ်တရတွေကို အမှတ်တစ်ရာပေးလို့ရမယ်

အမှတ်တရတွေကို အမှတ်တစ်ရာပေးလို့ရမယ်
လွတ်လပ်လိုတဲ့ငှက်အတွက်
ကိုယ်လှောင်အိမ်ကလေး မဖြစ်ခဲ့ခြင်းဟာ
မင်းအတွက် ကိုယ်ပေးနိုင်ခဲ့တဲ့ 
လက်ဆောင်ပေါ့
ဟက်ပီးဘက်ဒေးပါ ချစ်သူ
မိုင်ပေါင်းများစွာရှည်တဲ့ခရီးဟာ
ချစ်ခြင်းနဲ့ စမှ အောင်မြင်နိုင်မယ်လို့
ကိုယ်ယုံကြည်သလို
ချစ်ခြင်းနဲ့ အဆုံးသတ်မှ ရမည့်
ခရီးတစ်ခုရှိတယ်
မင်းနဲ့အတူ ဆိုတာပေါ့ကွယ်
မှတ်တိုင်ကလေးရောက်ရင်
ခုန်ဆင်းသွားမည့် ခရီးသည် မဟုတ်ဘူး
ငါတို့က မှတ်တိုင်ကလေးကို စိုက်ခဲ့မှာ
အခုတော့ မင်းကလေးမှာ
သုံးထိပ်စီးနဲ့ ဘ၀မှတ်တိုင်တွေ
တစ်ခု ပြီး တစ်ခု ကျော်ဖြတ်
ငါကလည်း မင်းနဲ့အတူ
ငါတို့ကံကောင်းတယ်ပဲ ဆိုရမလား
အချစ်ကို လူသိရှင်ကြားဖွင့်ပြခွင့်ရလို့
ခုလည်း မင်းနဲ့အတူ
ထီလက်မှတ်အဟောင်းတွေနဲ့
ပိုက်ဆံလုပ်ပြီး ကစားကြသလိုမျိုး
ဆိုရှယ်မီဒီယာမှာ
ဇွတ်အတင်းချစ်ပြနေတာမျိုး
ငါတို့မဖြစ်ချင်ကြဘူး
ဖားခြေရာခွက်ထဲက
ပုရွက်ဆိတ်သူငယ်ဆိုရင်လည်း
ငါတို့မြင်ရတဲ့ကောင်းကင်က
ပိုပြီးကြီးမားနေမှာပဲလေ
မင်းနဲ့အတူ
ရယ်ဖို့ပြုံးဖို့ နောက်မကျတဲ့ ကမ္ဘာ
ရှိတာအသေအချာပေါ့
ငါတို့ ရခဲ့ပြီလေ
လွမ်းတေးချို
11:54 PM
2.6.2018

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်