မိုး

မိုး
မုန်တိုင်းဟာ အိပ်မှုန်စုံမွှားနဲ့ နိုးထလာခဲ့ပြီး
သူ့လက်တံကို ဆန့်ထုတ်ပစ်လိုက်တယ်
ကောင်းကင်ကအော်ဂလီဆန်ဖွယ် အော်ဟစ်ပြီး 
ထိုးအန်ပစ်လိုက်တယ်
အလင်းဟာ ဖျတ်ခနဲ ပွင့်ပြီး
မှောင်ခနဲ ပျောက်ဆုံးသွားတယ်
အသံတစ်ခုကြားတယ်
ကောင်မလေး တစ်ယောက် ကြောက်နေရှာတော့မယ် ။


မိုး -၂
မျက်မှန်တစ်လက်ရဲ့ ပြိုလဲခြင်းဟာ
မျက်ရည်နဲ့ မိုးရည် မကွဲပြားတာပဲ
မိုးဆိုတာ လူမရွေးဘူးကွလို့ 
ဘယ်သူပြောတာလဲ
မျက်ရည်ဆိုတာလည်း
လူမရွေးဘူးဟလို့
ငါပြောမိတယ် ။
လွမ်းတေးချို



မိုး -၃
မိုးဟာ
ဆင်ခြေ ဆင်လက် ဆင်နားရွက်ဖြစ်သွားပြီး
လူတွေရဲ့ ကျိန်ဆဲသံ ကြားရတယ်
မိုးလာတော့ မီးမလာ
မီးလာတော့ မိုးရွာနေဆဲ

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်