ပျော်နေတာ ပြဖို့လိုသလား


ပျော်နေတာ ပြဖို့လိုသလား

စပိုက်ဒါမန်းဝတ်စုံဟာ ပျောက်နေတယ်
ဒီလိုနဲ့ လူကြီးမင်းတုန်နဲ့အတူ လမ်းလျှောက် ထွက်ဖြစ်တယ်
လူကြီးမင်းက မနက်တိုင်းလမ်းလျှောက်ချင်တယ်
လမ်းပေါ်က သစ်သားချောင်းကို ဖယ်ပြီး 
ဒါကလမ်းပေါ်မှာရှိရမှာ မဟုတ်ဘူးနော်လို့ဆိုတယ်
လူကြီးမင်းတုန်ဟာ ရှစ်နာရီထိုးပြီလို့ပြောတယ်
ကျောက်ခဲတွေကို သတိထားပြီးလျှောက်တယ်
လူကြီးမင်းတုန်ကို လမ်းသွားလမ်းလာတွေက ငေးကြည့်ကြတယ်
လူကြီးမင်းတုန်ကတော့ သိပ်ဂရုမပြုမိဘူး
အတူလမ်းလျှောက်ရခြင်းဟာ ကျနော့်အတွက် ဂုဏ်ယူစရာဖြစ်လာတယ်
လူကြီးမင်းတုန်ရဲ့ မျက်နှာနဲ့ လမ်းသွားလမ်းလာတွေရဲ
အကြည့်ကို ပြုံးပြတုန့်ပြန်ဖြစ်လာတယ်
လူကြီးမင်းက ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်တယ်
သူလိုချင်တဲ့ စားစရာတစ်ခုကို ယူလိုက်တယ်
တစ်ခုဆို တစ်ခုပဲ သိပ်တိကျတယ်
ကျနော် ပိုက်ဆံရှင်းတယ်
သူလိုချင်တာရပြီးတဲ့နောက် 
လူကြီးမင်းတုန်ဟာ လမ်းဆက်လျှောက်တယ်
သူဟာ သူ့လမ်းကို အာရုံစိုက်တယ်
လမ်းပေါ်က အမှိုက်တွေကို ရှင်းတယ်
လူကြီးမင်းတုန်က အိမ်နားရောက်ခါနီးမှာ 
မောတယ်
ညောင်းပြီလို့ ပြောတယ်
လူကြီးမင်းတုန်ကို ချီပြီး 
ကျနော် အိမ်ပြန်ခဲ့တယ်။


လွမ်းတေးချို
8:11 AM

19 Dec 2018 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်