Posts

Showing posts from December, 2017

နိမိတ်ဟော အက်ဆေး

နိမိတ်ဟော အက်ဆေး အချစ်​ နယ်​ ပယ်​ထဲဝင်​​ ရောက်​ ခဲ့တဲ့အတွက်​ အချစ်​ ကိုယ်​ စား  ​ ကျေးဇူးတင်​ ပါတယ်​   ပန်းကလေးနဲ့ တွေ့ဆုံခြင်းကင်းမဲ့သွားတဲ့အခါ ချက်ဘောက်စ်ထဲမှာ ကိုယ်ငေးကြည့်နေမိတဲ့ စာကြောင်းလေးတစ်ကြောင်းပေါ့။ အချစ်ကိုယ်စားကျေးဇူးတွေတောင်တင်လိုက်သေးတယ်။ လွယ်လင့်တကူပြောထွက်ခဲ့တာ မဟုတ်ပေမယ့် ပြောခဲ့သမျှကို မမှတ်မိနေတာက ကျနော့်အားနည်းချက်ပဲ ။ ရှင်ကျမကို ဒီစကားတွေ ပြောခဲ့တာလေလို့ လာပြန်ပြန်ပြောတဲ့အခါ ကျနော် မပြောခဲ့သယောင်ဟန်ဆောင်နေထိုင်တာ မဟုတ်ပေမယ့် သူကတော့ ကျနော့်ကို ဟန်ဆောင်နေတယ်လို့ထင်ခဲ့ဖူးတယ်။ ပန်းကလေးနဲ့ ပြန်တွေ့ ရင် အခုချိန်မှာ ကျနော် တစ်ခုပဲ မေးချင်တယ်။ တိတ်တိတ်လေးဝေးခဲ့ရတဲ့အတွက် ဘယ်လိုမှ မခံစားရဘူးလား ။ တကယ်တမ်းတော့ သူသာဖြေခဲ့မယ်ဆိုရင် ဆက်ပြီးမေးစရာမေးခွန်းတွေလည်း ရှိနေဦးမှာပါပဲ ။ ဘာကြောင့် ဝေးဖို့ဆုံးဖြတ်လိုက်တာလဲ ။ ဝေးဝေးခြင်းနေ့ရက်များကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ။ ဝေးဝေးကို မသွားပဲ ဝေးသွားရခြင်းအပေါ် ကျနော်ဘယ်လောက်ခံစားရသလဲဆိုတာလည်း ပြောပြဖြစ်မယ်နဲ့ တူတယ်။ ဘယ်သူမှ မရှိတော့ရင်တောင် ကျမနဲ့ အတူရှိမှာလား အတူရှိခြင်းကို ဘယ်လိုအနက်ဖွင့်လိုက်တာလဲ ပန်း...

အကွာအဝေး ခပ်ဝေးဝေး

အကွာအဝေး ခပ်ဝေးဝေး ရှင့်မျက်ရည်က ဘယ်သူနဲ့ ရတာလဲ ရှင့်အလွမ်းက ဘယ်သူနဲ့ရတာလဲ ရှင့်ကဗျာတွေက ဘယ်သူနဲ့ရတာလဲ ရှင့်မျက်ရည်ကို ဓာတ်ခွဲခန်းပို့ပါ ရှင့်အလွမ်းကို ကျမကိုယ်တိုင်စစ်မယ် ရှင့်ကဗျာတွေကို ကျွမ်းကျင်သူတွေဆီပို့ပြီး အဖြေရှာမယ် ကျမတို့ နေရာဒေသချင်းဝေးကြတဲ့အခါ စိတ်ချင်းထိစပ်စေတဲ့ လေ့ကျင့်ခန်းလုပ်ကြမယ် ဖုန်းကိုင်ပါ ရှင်ကို့ချစ်တယ် ရှင့်အကြောင်းကို ကျမ တဖွဖွပြောတယ် ခုလည်းပြောဖြစ်တယ် ပျော်တယ် လွမ်းတေးချို ၁၃.၁၂.၂၀၁၇

စင်တာကလော့ဟာ ၀၀ကြီး

စင်တာကလော့ဟာ ၀၀ကြီး စင်တာကလော့ဟာ ဘာကြောင့် ၀၀ကြီးဖြစ်နေတာလဲ ကလေးတွေ အတွက်မြင်သာတာကြောင့်လို့ ကျနော့်မိန်းမကပြောတော့ အရပ်ရှည်တဲ့စင်တာကလော့ဆိုရင် ပိုပြီးမြင်မသာဘူးလားလို့ ကျနော် စောဒကတက်တော့ ၀၀ကြီးဆိုတော့ ကလေးတွေဖတ်လို့ကောင်းတာပေါ့တဲ့ စင်တာကလော့ဟာ ကလေးတွေအတွက်ပဲလား လိုချင်တဲ့ ဆန္ဒကို ဖြည့်ပေးမယ်လို့ ယုံကြည်ရသူဟာ စင်တာကလော့ပဲလား စင်တာကလော့ဟာ ပိန်ပိန်သေးသေးလေးဖြစ်မယ်ဆိုရင် ကလေးတွေချစ်ကြမလား ကလေးတွေနဲ့ စင်တာကလော့ဟာ တွဲဖက်တည်ရှိဖြစ်တည် လှပနေခဲ့တာလား စင်တာကလော့ကြီး မြို့ ထဲဝင်လာပြီ စောင့်ကြည့်ဖို့တော့လိုနေပြီ စင်တာကလော့က မုတ်ဆိတ်ကြီးဖြူလို့ စင်တာကလော့က အင်္ဂလိပ်ဆာဒူးကြီးလား စင်တာကလော့က ၀တ်စုံအနီကြီးနဲ့ စင်တာကလော့က အင်္ဂလိပ်ဇော်ဂျီလား ကလေးတွေရဲ့  မေးခွန်းကို ကျနော်မဖြေတတ်ပါဘူး ကျနော်မှ အဲ့ဒီမေးခွန်းတွေ မမေးဖူးပဲ စင်တာကလော့ကြီး မြို့ ထဲဝင်လာပြီလေ လွမ်းတေးချို ၁၅.၁၂.၂၀၁၇

ငါတို့ခရီး မနီးမဝေး

ငါတို့ခရီး မနီးမဝေး ပွဲပြီးသွားပြီ မသေသေးတဲ့မီးတွေ နဲ့ ငါတို့ လောင်တယ် မခင်းရသေးတဲ့ဖျာတွေနဲ့ ပွဲတွေက လန့် နေခဲ့တာ မိုးရွာတုန်း မခံခဲ့ရတဲ့ ရေတွေနဲ့ ရေအ၀ချိုးမယ်ဆိုတော့ တချို့ သူတွေက ဘယ်ပျော်ပါ့မလဲ ဆန်အိုးကို တိုးတိုင်း ကြက်ကန်းမဟုတ်ဘူးဆိုတာလောက်တော့ လုပ်လိုက် ခင်ဗျားတို့ထင်ရင် ကုတင်ကလည်း ရွှေနန်း ရွှေနန်းကလည်း လင်နောက်လိုက်သွားနိုင်တာပဲမဟုတ်လား စကားတွေကိုလည်း ကြမ်းကျွံသွားသလိုပေါ့ ပြန်နုတ်ယူရတာပါပဲ ။ လွမ်းတေးချို ၁၉.၁၂.၂၀၁၇

လမကူး နှစ်မကူးမီ

လမကူး နှစ်မကူးမီ လစာကတော့ ငါ့ဆီမလာသေးဘူး သူများတွေဆီရောက်နေပြီ အဲ့ဒီသတင်းစကားထက် ၀မ်းနည်းစရာကောင်းတာရှိဦးမလား တစ်ယောက်တည်းစကားပြောနေတဲ့သူနဲ့ သွားမထိုင်နဲ့သိလား သူတို့က တစ်ယောက်တည်းတောင် ဒီလောက်ပြောနေတာဆိုတော့ နေရင်းထိုင်ရင်း ကိုယ်က ပရိတ်သတ်ဖြစ်သွားမှာ အလုပ်တွေများလွန်းတဲ့အခါ ဘယ်ကစရမှန်းမသိသလို ဘာအလုပ်မှ လုပ်စရာမရှိတဲ့အခါလည်း ဘယ်ကစရမှန်းမသိ အကြံသိုးကြီးတွေနဲ့အတူ သွားသတိ၊ လာသတိ ၊ စားသတိ သတိနဲ့ကြည့် သတိနဲ့သွား ဘာမှထပ်မပြောဖြစ်တော့ ဘာမှလည်း မရ ဘာရေးချ ဘာမှမရ  စာရေးချ စာမှမရ ငါရေးချ ငါမှမရ တဲ့ အခြေအနေတွေနဲ့ သူတင်ကိုယ်တင် သူတင်ကိုယ်ကျ အလားအလာတွေလား အလားအလာကောင်းပါတယ် အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါပြီပေါ့ လွမ်းတေးချို ၂၆.၁၂.၂၀၁၇

နာကျင်ကောင် လို့ပဲ ဆိုကြပါစို့

နာကျင်ကောင် လို့ပဲ ဆိုကြပါစို့ ဟမ်းဖုန်းကို ဘေးမှာပစ်ချလိုက်တယ်။ဖောက်ခွဲပစ်လိုက်ရင်ကောင်းမလားလို့တောင် သူတွေးခဲ့သေးတယ်။ အယောင်ယောင်အမှားမှားနဲ့ ဘေးနားမှာရှိတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီးဖတ်တယ်။ စာထဲမှာ စိတ်ရှိမနေဘူး။ ဒီလိုမျိုးဖြစ်နေတာ တစ်ကြိမ်လည်း မဟုတ်တော့ဘူး ။နှစ်ကြိမ်လည်း မဟုတ်တော့ဘူး ။ အကြိမ်ကြိမ်ရှိနေပြီ။ သူဘာလုပ်မလဲစဉ်းစားတယ် ။ ဖုန်းသုံးတာကို လျှော့ရမယ် ။ဟုတ်ပြီ ဖုန်းမသုံးရင် ဘာသုံးမလဲ ။ဘာမှလည်း သုံးစရာမရှိဘူး   ရေခဲသေတ္တာထဲက ဘီယာဘူးကို ဖောက်ပြီး တကျိုက်မော့ချလိုက်တယ်။ ရင်ထဲကို အေးပြီး နေလို့ထိုင်လို့ကောင်းသွားတယ်။ ကွန်ပြူတာကို ဖွင့်တယ် ရောက်တတ်ရာရာ စာတွေ ထိုင်ရေးနေတယ်။ သူရေးသမျှကလည်း ဖတ်မည့်သူမရှိဘူး ။ တစ်ယောက်စ နှစ်ယောက်စ ဖတ်ကြပေမယ့် ဒီထက်ပိုပြီး အသိအမှတ်ပြုမှုမျိုးရရင် သူ ဒီထက်ပိုပြီး ကြိုးစားဖြစ်မှာပဲလို့ သူထင်တယ်။ စာအုပ်ကလေး တစ်အုပ်လုပ်ဖို့ သူကြိုးစားသေးတယ်။ လုံလောက်တဲ့ပိုက်ဆံပမာဏရှိပေမယ့် သူပျင်းရိနေပြီ။ ကွန်ပြူတာထဲက အပြာဇာတ်လမ်းတွေကိုကြည့် ၊ အပြာစာအုပ်တွေဖတ် ၊ တစ်ကိုယ်ရည်အာသာဖြေ ၊ တစ်ခုခုစား ပြီးတော့ အိပ် ။ သူသ...

အနမ်းဖြင့်ရေးသော

အနမ်းဖြင့်ရေးသော အနမ်းနှင့်ပတ်သက်ပြီး ကျနော်ရေးဖူးပြီး မှတ်မိနေသည့် စာတစ်ကြောင်းမှာ နှုတ်ခမ်းတွေကို အကြောလျော့ပေးခြင်း ပင်ဖြစ်သည်။ ကိုယ့် နှုတ်ခမ်းတွေက နမ်းလို့ကောင်းတယ်လို့ ကောင်မလေးတစ်ယောက်ယောက်က ပြောဖူးတာမျိုး မိတ်ဆွေကြုံဖူးပါသလား ။ အနမ်းနဲ့ပတ်သက်လျှင် ကျနော် သွေးကြီးချင်မိသည် ။ အနမ်းလောကတွင် ငါသည်လည်း ခေသူမဟုတ် ပါတကားဟု ကြွေးကြော်ချင်သည်။ နမ်းဟူသော စကားလုံးကို ရှိုက်ဟူသော ကြိယာတစ်လုံးနှင့် တွဲသုံးသောအခါ နမ်းရှိုက်သည် ဟူသော စကားလုံးတစ်လုံးဖြစ်တည်လာသည်။ လေးဖြူ၏ သီချင်းထဲတွင် “ မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့ ငါ့ရဲ့  အနမ်းတစ်ရှိုက်နဲ့ ခံစားချက်တူညီ ရှိခဲ့တဲ့နောက် ……….” သီချင်းစာသားအတိုင်းဆိုလျှင် သူတစ်ရှိုက်ကိုယ်တစ်ရှိုက်များ နမ်းခဲ့ကြလေသလားမသိ ။ ထိုစာသားတွေထဲက ဇာတ်ဝင်ခန်းမျိုးကို သရုပ်ဆောင်နိုင်အောင် ကြိုးစားရမည်ဟု မည်သူမျှ မပို့ချခဲ့သော်လည်း ဂုဏ်ထူးမှတ်ရအောင်ကျနော်တို့ စွမ်းဆောင်ခဲ့ကြသည်။ အနမ်းသည် အပြန်အလှန်သဘောဆောင်ပြီး နှုတ်ခမ်းသား နှစ်ခုကြား သိမ်မွေ့သော ဆက်သွယ်မှုဖြင့် ပျော်ရွှင်မှုဆီသို့ အလည်သွားနိုင်သည်။ ရှင်မနမ်းတတ်သေးပါဘူး ဟုကောင်မလေးတစ်ယောက်၏ ပြောဆိုသံကို မ...

အလွမ်းဖြင့် ရေးသော

အလွမ်းဖြင့် ရေးသော လွမ်းစိတ်ဖြင့် ရှင်သန်ရသော ကာလများကို ဖြတ်သန်းဖူးပါသလား ။ ကျနော့်အတွက် ရှင်သန်ခြင်းသည် အလွမ်းဖြစ်ပြီး လွမ်းဆွတ်ခြင်းဖြင့်သာ အသက်ရှင်နိုင်သည် ဟု မိုက်မိုက်မဲမဲ ဆိုမည်ဖြစ်သည်။ ချစ်လှစွာသော မိတ်ဆွေ သင်ရဲ့  နှုတ်ခမ်းကို လျှာနဲ့သပ်ကြည့်လိုက်။ သင့်အတွက်ဘာမှ မထူးခြားလှပေမယ့် ကျနော့်အတွက်တော့ တစ်ခုခုကို လွမ်းမိရက်သား။ အနီရောင်ဆိုးလေ့မရှိသော နှုတ်ခမ်းကိုလွမ်းဖို့ ကိုယ့်နှုတ်ခမ်းကို လျှာဖြင့် တစ်ချက်သပ်ရုံဖြင့် ကျနော့်အတွက် လုံလောက်ပါသည်။ တစ်ရံရောအခါက နာမည်ခေါ်ရန် မ၀ံ့ရဲသော တိုင်းပြည်တစ်ခုတွင် ဖြစ်ရပ်တစ်ခုရှိခဲ့သည်ဟု အကြမ်းဖျင်းဆိုကြပါစို့ ။ ထိုဖြစ်ရပ်ကို အသေးစိတ်ပြောပြလျှင် ထိုသူကား ဘယ်သူဘယ်ဝါဖြစ်သည်ဟု ခန့်မှန်းမိနိုင်သောကြောင့် ကျနော့်အတွက် အလွန်အခက်တွေ့ရပါသည်။ ထို့ကြောင့် ဤအကြောင်းအရာ ကို ရေးရန်မသင့်ဟုလည်း အကြိမ်ကြိမ် တွေးတောခဲ့မိပါသည်။ တွေးနေရခြင်းဖြင့်သာ ကျေနပ်နှစ်သိမ့်နေရသောဖြစ်စဉ်ကို အလွမ်းဟုထပ်မံ ခေါ်ဆိုချင်ပါသည်။ အိမ်မှာထိုင်နေရင်း စာအုပ်စင်ကို ရုတ်တရတ်ကြည့်လိုက်မိသည်။ Far within us ဆိုတဲ့ ကဗျာစာအုပ်ကလေးကို တွေ့လိုက်မိ...