ဘာမှ မရှိခြင်းဟာ မင်းမူ
ဘာမှ မရှိခြင်းဟာ မင်းမူ
နိုင်ငံရေးအိုင်ဒီယိုလော်ဂျီ
သို့မဟုတ် မူဝါဒ သို့မဟုတ် နာမည်ကြီးခေါင်းဆောင် တစ်ဦး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ
ဖြစ်ရပ်တစ်ခုခု၏ နာမည်ထည့် ၊ နာကြည်းအုံ့မှိုင်းဖွယ်
ဖွင့်ဆိုရေးသား )
( အင်္ဂလိပ်လို
အခေါ်အဝေါ် သိရင် မမေ့မလျော့ထည့်ရန် )
ဆက်လက်ပြီး
လိင်ကိစ္စ
မပါရင် မပြီးတာမို့ တစ်လုံးလောက် ထပ်ထည့်ရန်
ထို့နောက်
ကိုယ်ဖြတ်သန်းခဲ့ရတဲ့
ငယ်ဘ၀က အခဲမကြေ သို့မဟုတ် ရင်နင့်ခဲ့သော ဖြစ်ရပ်ကို အကျဉ်းချုံးဖော်ပြရန်
ဒါမှမဟုတ်
ကြည့်ဖူးတဲ့
ဇာတ်ဝင်ခန်းတစ်ခုခု ၊ ဖတ်ဖူးတဲ့စာအုပ်ထဲက အရေးအသားတစ်ခုခု ၊ နားစွဲနေတဲ့ သီချင်းတစ်ပိုင်းတစကို
ထပ်ထည့်
အပေါ်က ဖြစ်ရပ်နဲ့
ချိတ်ဆက် ၊ ဒါမှမဟုတ် မတူညီတာတွေကို ပြ ၊ တူညီတာတွေကို တွဲပြ
( မြန်မာစာမဟုတ်သော
အခြားဘာသာစကားဖြင့် ကြည့်ထား၊ဖတ်ထား ၊နားထောင်ထားပါက ပိုလို့တောင် အထင်ကြီးဖွယ်ရာရှိ
)
ဒါမှမဟုတ်
ရောက်ဖူးတဲ့
ခရီးတစ်ခုက မြင်ကွင်း(နိုင်ငံရပ်ခြား ခရီးစဉ်ဆို ပိုလို့တောင် ဆွဲဆောင်မှုရှိ) ၊ ဖြစ်ရပ်
တစ်ခုခု
ဒါ့အပြင်
ဘာသာရေးစကားလုံး
တစ်လုံးလောက် ကို သတင်းစာ ခေါင်းကြီးတစ်ခုနှင့် ချိတ်ဆက်ရန်
ဒါမှမဟုတ်
လိင်ကိစ္စ နှင့် တွဲဖက် ရေးသား
ဒါတင်ပဲလားလို့
မထင်လိုက်နဲ့
ကိုယ့်ရဲ
့ observation skill ကို အမြင့်ဆုံးတင်ထား ၊
အဏုမြူမှုန်ကနေ စကြာဝဠာလောက်ထိ ချဲ့ ကြည့်
ခံစားချက်ကို
ပုံကြီးချဲ့ 
စကားလုံးတွေကို
လိုအပ်ရင်သုံး မလိုအပ်ရင်မသုံးနဲ့
ပြီးတော့
ကဗျာရေး
လွမ်းတေးချို
7
November 2017
Comments
Post a Comment