အကျဉ်းကျကောင် Get link Facebook X Pinterest Email Other Apps - October 24, 2016 ငါဖောက်ခဲ့တဲ့ ဗျောက်အိုးတွေ ရှင်သန်ထမြောက်လာတယ် ငါနားကိုပိတ်တယ် ငါငြင်းတယ် လွမ်းတေးချို Get link Facebook X Pinterest Email Other Apps Comments
စာဟောဆရာ - August 02, 2017 စာဟောဆရာ ရော့ ပန်းသီး ဖမ်းလိုက်ပါဦး ဒီကောင်ကလေးက လူလည် ဆိုတော့ ဘယ်ဖမ်းမလဲ ။ဘေးကလူတွေကလည်း မသိမသာ ရှောင်လိုက်ကြတယ် ။ ပန်းသီးက ကြမ်းပြင်ပေါ်လှိမ့်သွားတယ်။ ပွန်းရာပဲ့ရာတွေနဲ့ ။ မြင်လား အလကားရတာတောင် မဖမ်းကြဘူး ။ အဲ့ဒါကြောင့် မြန်မာပြည် မတိုးတက်တာ ။ # လွမ်းတေးချို စာဟောဆရာ ၂ ရော့ ပန်းသီးလေးဖမ်းလိုက်ပါဦး ဒီကကောင်တွေကလည်းလူလည်တွေ ဖမ်းပြီး အများကိုလှူမှာဗျ အဖေအမေကို ကျွေးမှာဗျ ဆွမ်းတော်တင်မှဗျလို့ နှုတ်တိုက်ကျက်ထားသမျှ ဖြေလိုက်ကြတယ် မြင်လား ဖောက်ထွက်ပြီး မတွေးကြဘူး အလွတ်ကျက်ထားတဲ့အဖြေတွေနဲ့ ဒါကြောင့် မြန်မာပြည် မတိုးတက်တာ အင်္ဂလန်မှာဆိုရင် ဘာညာ ကွိကွ ။ # လွမ်းတေးချို စာဟောဆရာ ၃ ရော့ ပန်းသီးလေး ဖမ်းလိုက်ပါဦး ဒီကောင်တွေက နပ်သွားပြီ ကောက်ဖမ်းလိုက်တယ် တစ်ကိုက် ကိုက်တယ် ထွေးထုတ်တယ် ကြိုတင်ပြင်ထားတဲ့မိုက်နဲ့ ခင်ဗျားပန်းသီးက အင်ကြီး တရုတ်က သွင်းတာကြီး ဖွယ်ဖွယ်ကြီး လို့ ပက်ခနဲပြန်ပြောတယ် မြင်လား ကျေးဇူးကန်းတဲ့သဘော အဲ့ဒါကြောင့် မြန်မာပြည် မတိုးတက်တာ # လွမ်းတေးချို Read more
ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး - August 04, 2016 အတုတွေများဗျာ လာမလုပ်နဲ့ အတုလုပ်တယ်ဆိုတာ အသုတ်လု ရတာဖြစ်တယ် ကြာမှ တုလို့ မရဘူးမှတ် ဟာဗျာ ဘယ်မှာမှ သင်လာတာ မဟုတ်ဘူး ဘ၀ပေးအသိ ကျုပ်က အတွေ့ အကြုံကို ဗဟိုပြု သင်ယူသူဖြစ်တယ် လူသားဟာ ကဗျာရေးတတ်ဖို့မလိုဘူး ဒါဆိုဘာလိုလဲ လာမမေးနဲ့ ရေးတတ်ဖို့မလိုဘူး စကားကို နားလည်အောင်ကြိုးစား ဒါဟာ အဖြူ မဟုတ်ဘူး ဒါဆိုဘာလဲ လာလာ မမေးနဲ့ အဖြူမဟုတ်ဘူး ဆိုတာကို နားလည်အောင် ကြိုးစား အတွေ့ အကြုံ ယူစမ်းပါ လွမ်းတေးချို 4 Aug 2013 Read more
ပန်းကလေးနဲ့ ကျနော် - August 10, 2016 ၁ ပန်းကလေးက အသံလှိုင်းတွေကနေ ကျွန်နော့်ဆီအလည်လာတယ် ဆိုလိုချင်တာ အမြဲ မဟုတ်ဘူးလို့ ပြောချင်တာ ၂ ပန်းကလေး က ကျနော့်ကို “ ကို “ လို့ခေါ်တယ် အသံထဲမှာ အသက်ဓာတ်လေးပါတယ် ကို ကို ကို ကို ကို ကို ကို တိုးလျသွားလိုက် …………………. …………………ကျယ်လောင်လာလိုက် ၃ ပန်းကလေးက သူ့ကိုယ်သူပြောတယ် အချိန်မတန်ပဲ ပွင့်ခဲ့ရတာ ကျနော်က ပြောတယ် ရနံ့မက်လို့ ပန်း ဆီရောက် ခဲ့တာမဟုတ်ဘူး ၄ ပန်းကလေး ဒုတိယအကြိမ် ပြန်ပွင့်ခဲ့ပြီတဲ့ လူးလူးလွန့်လွန့် ပျော် ခဲ့ ၅ ပန်းနဲ့ဝေပြီး ပန်းနဲ့ သေချင်တယ် စိတ်ကူးရူး တစ်ခုရှိတယ်။ ၆ ပန်းကလေး က သူအဆင်မပြေတာကို ဘယ်လို သိတာလဲ တဲ့ အဖြေရှာမတွေ့ခင် ရူးကြောင်ကြောင် မေးခွန်းတွေ မေးမိသွားပြီ တဲ့ ၇ ပန်းကလေးက တစ်သက်လုံးအတူရှိမှာလားတဲ့ မဆိုင်းမတွ အဖြေကို ခင်းဗျားတို့ ရိပ်မိမှာပေါ့နော် ၈ ပန်းကလေးက ကျွန်တော် ပြောတာကို ကြားတယ် မြင်တယ် နားလည်တယ် ကျွန်နော်တို့ကြားက နားလည်မှုဆိုတာ တစ်ယောက်ရဲ့  နား ကို တစ်ယောက်ဆီ ထိုးအပ်ထားတာပဲ လက်ညှိုးထိပ်နဲ့  လက်မထိပ် ကို ထိစပ်လိုက်တဲ့အခါ က်ေ... Read more
Comments
Post a Comment