Posts

Showing posts from April, 2016

လွမ်းတေးချို : အမည်မဲ့

လွမ်းတေးချို : အမည်မဲ့ : ဖုန်းခွက်ကလေး ဟာ အသံတွေနဲ့ဝေးရာ ဒီခေတ်ကြီးမှာ မြင်လို ကြားလိုစိတ်ကို ဘာနဲ့ဖြေမလဲ လွမ်းတေးချို ၁၈.၄.၂၀၁၆

အမည်မဲ့

ဖုန်းခွက်ကလေး ဟာ အသံတွေနဲ့ဝေးရာ ဒီခေတ်ကြီးမှာ မြင်လို ကြားလိုစိတ်ကို ဘာနဲ့ဖြေမလဲ လွမ်းတေးချို ၁၈.၄.၂၀၁၆

ပေးထားချက်

ငါကိုယ်တိုင်က ၀ဋ်ဖြစ်သွားပြီး ငါ့ဆီကို နင်မလာနဲ့လို့ ဆုတောင်းရတာမျိုးကို အချစ်လို့ခေါ်တယ် မျက်လှည့်ဆရာရဲ့ လျှို့ ဝှက်ချက်ဆိုတာ ဖော်မကောင်းတဲ့အရာ စ မိတာ အပြစ်လားတဲ့ ဆုံးအောင်မကတာကိုတော့ ငါ တစ်ခုခုပြောခဲ့မယ် ငလျင်ပြင်းအားဟာ တိုးသထက်တိုးတာ ရပ်တန့်မသွားဘူး ဖေ့စ်ဘုခ် ဟာ အမဲလိုက်အကပဲလို့ မောင်မောင်ဇော်လတ် စတေးတပ်စ် အောက်မှာ ငါရေးခဲ့တယ် လွမ်းတေးချို ၁၈.၄.၂၀၁၆

သက္ကရာဇ်တွေ သေကုန်ပြီ

အ၀င်းရေ…… ကိုယ်က လည်းကျားပဲ တခြားသူလည်းကျားပဲ ကျားအကြောင်းကို ကျားတစ်ကောင် အနားလာပြောပြနေတဲ့အခါ ကိုယ့်မှာ အူကြောင်ကျားဖြစ်သွားတယ် အ၀င်း…….. ဒီနေ့မှ ကိုယ်မရူးရင်နောက်နေ့တွေက နေသာ သွားပြီလို့ အကြမ်းဖျင်းပြောလို့ရတယ် လူတွေက ဘာလို့ဒီလိုမြင်တာလဲ ကို….ဆိုတော့ ကိုယ်လည်း တတ်သလောက်မှတ်သလောက် ဖြေခဲ့တာပေါ့ ဒီနေ့ကော ဧည့်သည်ပါးတုန်းလား အ၀င်း…………. ဒုက္ခကိုယ်စီနဲ့လူသားများ အ၀င်းဖြစ်ချင်တဲ့စံပယ်ပန်းလေးကို အ၀င်းဆုံးရှုံးလိုက်ရ ဘာတဲ့ အချို ရည်တစ်ဘူးသောက်လိုက်မိတာ ငွေတစ်သောင်းနဲ့ စံပယ်ဆန်တဲ့အ၀င်းကို အ၀င်း ပြန်ရှာလို့မရတော့ဘူး တဲ့လား ကိုယ်ရေသန့်ဘူးပဲမှာသောက်ဖြစ်တယ် ဆန္ဒတော့မပါဘူး ငွေလိုချင်တယ်တဲ့လား အ၀င်းရယ် ခန္ဓာကိုယ်မှာ ငွေပင်ပေါက်တယ်ဆိုတာ ဒီရောက်မှ အ၀င်းသိခဲ့ရ ပြည်သူပြည်သားအချင်းချင်း မြေနိမ့်ရာ လှန်ပြီးစိုက်သွားတဲ့သူ တွေကို ကိုယ်ကျိန်ဆဲပစ်လိုက်တယ် အ၀င်းကို သနားတယ် အ၀င်းကို စာနာတယ် ကိုယ့်မှာ အ၀င်းကိုတွဲခေါ်ဖို့သာသာ ချိုင်းထောက်ကြီးနဲ့လမ်းမှန်အောင် မလျှောက်နိုင်တဲ့ဘ၀ အ၀င်းနှုတ်ခမ်းလေး တွန့်ကွေးသွားတယ် အ၀င်းနဲ့အတူနေပါလားကို တဲ့ ကိုယ်ဘာဖြေရမှာလဲ ငြိမ်သက်ခြင်းမှာ အ၀င်းကိုယ့်ဘာသာ ရှက်...

ပုံတွေထဲက ကမ္ဘာ

ပူတင်က တရားမျှတ မှုကို သေနတ်နဲ့ ထုတ်ချိန်လိုက်တယ် အချိန်မတန်သေးပဲ လေဘာတီရုပ်ထုဟာ ခေါင်းပြတ်သွားတယ် ခေါင်းမပြတ်ခင် လူတစ်ယောက်က မတော်မတရားပြုကျင့်ခဲ့သေးတယ် ။ မကြာခဏ ပါးရိုက်ခံရတော့ သူလည်း ဘယ်နေမလဲ ချိန်ခွင်လေးကို လွှတ်ချလိုက်တယ် လွတ်ကျသွားသယောင်ပေါ့ သိပ်လှတယ် ငြိမ်းချမ်းရေးလို့အော်ပြီး လက်နက်တွေထုတ်နေတာလည်း သူတို့ တစ်ယောက်ကိုတစ်ယောက် အမြစ်ဖြတ်လိုက်မှ ငြိမ်းချမ်းမယ်လို့ သူတို့ထင်တယ် တရားမျှတသော စစ်ပွဲ တွေ ဘာတွေ နာမည်ပေးလိုက်ကြတာပေါ့ ။ ၀န်ကြီးချုပ်က လည်း နယ်ရုပ်ပဲ မျက်လုံးကို မမြင်ရအောင် စည်းလိုက်တယ် ဂိုး လို့ မအော်ရသေးဘူး ဒိုင်လူကြီးက ခရာမှုတ်လိုက်တယ် ဂိုးဖမ်းသူဟာ ထွက်ပြေးခဲ့ရတယ် ။ လူသတ်ကောင်ကို ဖမ်းမမိသေးဘူး ။ ဥပဒေကို အလုံပိတ်ထားရတယ် ကြိုးတုပ်ထားရတယ် အကျဉ်းစခန်းထဲမှာ အရာရာဟာ တရုတ်ထုတ်ပစ္စည်းတွေချည်းပဲ မြောက်ကိုးရီးယားက ဒုံးပျံကြီး တပြပြနဲ့ ဒီမိုကရေစီကို ဂရိက ဖုန်းဆက်တယ် ဟေး ငါ့ကို နည်းနည်းပြန်ကျွေးပါ ၊ ငါလည်း စားချင်လို့ပါ တဲ့ လွမ်းတေးချို ၀.၄.၂၀၁၆ ပုံတွေကြည့်မိရင်းရေးမိတဲ့ကဗျာ ။

နာကျင် အချိန်ပို

နာကျင်မှုတွေ စိုးရွံ့  မှုတွေနဲ့ အသားကျပြီးတဲ့နောက် အလိုလို နာကျင်နေရတာ စိုးရွံ့  နေရတာတွေကို အထူးအဆန်းလို လာလာကြည့်ကြတယ် ဘာကြောင့်လဲလို့မေးတယ် ငါနင့်ကို သိပ်မသင်္ကာ ဘူး နင်တစ်ခုခု အမှားလုပ်ထားတယ်မလား ဖြေစမ်း တဲ့ လုံလောက်တဲ့ အဖြေ ဘယ်သူပေးနိုင်မှာလဲ ။ မတတ်နိုင်ဘူး မဟုတ်လား အနှိုင်းခံရမယ် အရိုင်းဆန်ကြမယ် ဘယ်တတ်နိုင်ပါ့မလဲ နာကျင်လိုက်ပေါ့ ဘယ်မှာမှ ရှာမတွေ့တော့တဲ့ နှစ်သိမ့်ဆွေးနွေးနည်း တစ်ခုရှိတယ် မျက်စောင်း ပဲ ယုံချင်ယုံ မယုံချင်နေ နာကျင်ရမယ် လွမ်းတေးချို 20.4.2016

ခင်ဗျားရယ် ကျုပ်ရယ်.......လမ်းခွဲမှာတွေ့ မယ်... Friday, August 6th, 2010

ရွေ့လျားမှုမရှိရင် ပြီးမြောက်မှုရှိပါ့မလား လူတွေက မေးမယ် ဆိုတာချည်းပဲ......... ငါတို့မှာလဲ ခနော်ခနဲ့တည်ဆောက်ထားတဲ့အမှန်တချို့ ကိုရင်ဝယ်ပိုက်လို့........ အဲဒီ ........လောကဓံကို ခြေစုံကန်တယ်လို့တော့မဆိုချင်ဘူး....... ငါတို့ မျက်စောင်းတော့ ထိုးသင့်တယ်.... အဆင်မပြေလို့ သက်ပြင်းချတာမဟုတ်ဘူး မသက်သာလို့ အတင်းမျိုချနေတာ ''အခါမသင့်တော့ င့ါ လည်မှာနင်တယ်... စူးနင်ရင် ငှက်ပျောသီးမျို ပျောက်ချင်ပျောက်မယ် အမှန်တရား နင်ရင်တော့ .... ငါ တို့ ငှက်ပျောသီးမျိုကြည့်ကြမှာလား" ခိုးခိုးရှိုက်ရတဲ့သက်ပြင်းက ဆေးလိပ်ခိုးသောက်ရင်းလူမိတဲ့ ကာလထက်ဆိုးတယ်...... ငါတို့က၀ှက်ထားတဲ့ဖဲတစ်ချို့ ကို လှပ်ကြည့်ဖို့ ကြိုးစားလို့........... လိုချင်တဲ့ အပွင့်တွေ မတွေ့တော့ မျက်နှာတွေက စုတ်ချက်တွေကြမ်းပ... သမိုင်းဆိုတာ နဖားကြိုးထိုးပြီးကိုယ်ထင်ရာကိုယ်စိုင်း ရိုက်နှက်မောင်းနှင်ရတဲ့ နွား တစ်ကောင်မဟုတ်ဘူး... လက်ရှိပြီး ဦးနှောက် မရှိတဲ့ သူတွေလက်ထဲ ကလောင်ထည့်ပေးတော့... မင်းမြင်နေတဲ့ အမည်းစက်က EMo လက်သည်း ဆိုးထားတာမဟုတ်ဘူး သမိုင်းကို မင်ဖို့ သဂြိင်္ုဟ် နေကြတာ ကြိုးတန်းပေါ် လမ်းလျှောက်ကြွေးကြော်ရင်း လက်ခုပ်သံတွေကြား မှေ...

ဒိုင်ယာရီထဲမှာ မရေးမိတဲ့ ခိုးဝှက် အရေးအသားများ

ရုတ်တရတ် ဆောင့်တွန်းလိုက်တော့ နောက်ကို အရှိန်နဲ့လဲကျတယ် ဓာတ်လိုက်တဲ့ ကစားနည်းလို့ခေါ်တယ် မျက်လုံးချင်းဆုံကြည့်တော့ ပျောက်နေတဲ့ငါ ကို သူ့ဆီမှာတွေ့ရတယ် မိုးလည်း မရွာပဲနဲ့ ငါလည်း ထီးကြီးကိုင်ထားတယ် အဲ့ဒီနေ့က နေလည်းပူသင့်သလောက်မပူဘူး မိုးသီးတွေကြွေတဲ့အကြောင်းဖတ်ရတော့ ငယ်ငယ်တုန်းက ကောက်စားမိတဲ့အကြောင်းပြောဖြစ်ကြတယ်။ စကားဟာ တကယ်မရှိခဲ့ဘူး စကားဟာ ရှာမတွေ့ခဲ့ဘူး ။ မျက်မှန်ကိုင်းကို ကြည်သွားအောင် အ၀တ်စနဲ့သုတ် တယ် မျက်မှန်မှာ Wiper တပ်ထားရင် ကောင်းမှာပဲလို့ စိတ်လွတ်လက်လွတ်ရူးရင်း ငါ ပြုံးတယ် ၊ အမှတ်တရ စကားတွေကို ဖျက်ပြစ်ပြီးတဲ့နောက်မှာ မှတ်ဥာဏ်သိုလှောင်တဲ့ အခန်းထဲမှာ နေရာတွေပိုလိုအပ်လာတယ် လက်မကလေးကို ထောင်လိုက်တော့ အချက်ပြ အချစ်ခေါ်သံဟာ မီးကလေး စိမ်းသွားတယ်။ ကြိုဆိုပါ၏ နဲ့ နှုတ်ခွန်းဆက်သ ပါ၏ ဟာ နံရံလေး တစ်ခုသာခြားတယ် ။ နယ်ကျွံမိကြတယ် ကိုယ့်စည်းသူ့စည်းနဲ့ လူ့စည်းဝိုင်းထဲ ပြန်ရောက်လာကြတယ် ။ ဇာတ်လမ်းကို မမေးနဲ့ ပြီးရင် မျက်ရည်ကျရတာ မင်းကြောင့်လို့ အပြောမခံ နိုင်ဘူး။ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ငါပဲ ငိုခဲ့ရတယ်။ လွမ်းတေးချို ၂၇.၄.၂၀၁၆

အမြန်နှုန်းနဲ့ ထုတ်ထားတဲ့ တစ်ခုခု

အမြန်နှုန်းနဲ့ ထုတ်ထားတဲ့ တစ်ခုခု လမ်း က အရမ်းမတ်တယ် ကားတွေဟာ ဒီအတိုင်းလှိမ့်ဆင်းသွားလိမ့်မယ် အဲ့ဒီတော့ ဂျမ်းတုံးခု လိုဏ်းခေါင်းထဲရောက်တော့ အသက်ရှူ ကြပ်လာတယ် အမှောင်ကို ကြောက်ရင် စိတ်ထဲမှာ တမျိုးဖြစ်မယ် မြွေလိမ်မြွေကောက်ထက်ပိုတယ် ဒါဟာ လွန်းထိုးပဲ ငါတို့လောက် မလှဘူးလို့ ပြောကောင်းပြောမယ် လမ်းဟာ ဒီလိုပဲ ၊ အမြင့်ဆုံးကို ရောက်မှတော့ အမြင့်ကြောက်မနေနဲ့ လမ်းတစ်ဖက် တစ်ချက် ဆီမှာ နှင်းနံရံ ကြီးတွေ အေးချင်အေးသွားမယ် ခဲချင်ခဲသွားမယ် လိုက်မယ်ဆိုလာခဲ့ မပြင်ပဲထားတော့ မပျက်စီး ဘူး စီမံကိန်းနဲ့ မလွတ်လို့ ခုတ်ပေးလိုက်ရတဲ့ သစ်ပင် ဘယ်နားမှာလဲ မမေးနဲ့ အဖြေဟာ ငါ့ဆီမှာ ရှိတယ်လို့လည်း မမှတ်နဲ့ လွမ်းတေးချို ၂၀.၄.၂၀၁၆