မမဇင် သိမလားတော့ မသိဘူး ကျနော် မိုးရွာထဲလမ်းလျှောက်တတ်ခဲ့ပြီ
ထီးကလေးမရှိလည်း ၀ဿန်မိုးတွေရောက်လာမှာ အမှန်ပဲ မမဇင် အဲယားကွန်းမရှိလည်း နွေရာသီတွေ ရောက်လာမှာ အမှန်ပဲ မမဇင် ထုံးစံအတိုင်း မီးပျက်မယ် မမဇင် မမဇင်ကို မတွေ့နိုင်တဲ့အခါ ကျနော် အမှောင်ခန်းတွေကို မျှော်တယ် ကျည်ဆန်ရထားကို ဖမ်းမမိတော့တဲ့ လှိုက်ခေါင်းအိုတစ်ခုလို စကြာဝဠာတစ်ခု မကသော ဂင်္ဂါဝါလု သဲစုမကသော သံစဉ်တွေရှားပါးလာတဲ့ ဂစ်တာတစ်လက်ရဲ့  ရိုးတံပြိုင်းပြိုင်း အာခေါင်ခြစ်အော်သံများ အဆုံး ကီးဘုတ်ပေါ်က လက်ချောင်းတွေဟာ ရှင်သန်ထမြောက်သွားတဲ့ စကားလုံးတွေနောက်ကို အမောတကော လိုက်ရှာနေသလိုမျိုး မမဇင်အတွက် မမဇင်ရဲ့ မာနတွေအတွက် မမဇင်ရဲ့  အနာဂတ်အတွက် မမဇင်ရဲ့  တောက်ပခဲ့သော တောက်ပလိုသော အတိတ်အတွက် ပစ္စုပ္ဗန်တည့်တည့် ကျနော် ရှင်နေရပါတယ် မမဇင် ဆီကို ကမ္ဘာကြီးက နေထိုင်ခွင့်တောင်းတယ် လို့သိရတယ် မမဇင် ငြင်းလိုက်ပါ ကျနော်ဟာ ကမ္ဘာလောက်ကို ဂရုမစိုက် စာရင်းမသွင်းတဲ့ ကြီးကြီးကျယ်ကျယ် လူ့ဗလံလေးပါ အခုတော့လည်း အလွမ်းဒဏ်ကြောင့် ပြည့်သယောင်ယောင်နဲ့ ၀ခဲ့ပြီမို့လို့ ကမ္ဘာနှစ်ခုစာ တာဝန်ယူပါတယ် သစ်ခွပင်လေးကို ဖမ်းဆုပ်မိတော့ မမဇင် ရဲ့  အသက်ကိုကျနော်ခန့်မှန်းမိတယ် ချစ်သက်= သုည မကြားလ...