Posts

Showing posts from December, 2018

အမျိုးသား ဖိနှိပ်မှု အခုရပ်

အမျိုးသား ဖိနှိပ်မှု အခုရပ် ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေ အမှန်တကယ်ဖြစ်လာပြီ ။ ကျားမတန်းတူရေးလှုပ်ရှားမှုတွေကတော့ ရှိနေဆဲပဲ။ ဒါပေမယ့် ပြောင်းသွားပြီ ။ အရင်တုန်းက မိန်းမတွေက ကျားမတန်းတူရေးလှုပ်ရှားမှုတွေကို ဦးဆောင်တာ။ အခုတော့ ယောက်ျားတွေက သူတို့ရဲ့  အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်နေကြတာ။ လူမှုကွန်ယက်တွေပေါ်မှာ ကြည့်လိုက်ရင် သင့်ဇာတ်လမ်းကို မျှဝေပါ။ အမျိုးသားထုကြီးကို ဒီအတိုင်းပစ်မထားကြပါနဲ့ ။ ထမင်းဟင်းချက်ရတဲ့ အလုပ်ကိုလည်း အလုပ်လို့ခေါ်သင့်ပါတယ်လို့ ယောက်ျားထုကြီးရဲ့  ညီးညူးသံတွေကို ကြားနေရတော့တာပဲ ။   သမိုင်းဆိုတာ မေ့လျော့လို့ကောင်းတာမဟုတ်ဘူး။ အရင်တုန်းက ယောက်ျားတွေဟာ အင်အားကြီးသူတွေ၊ လူ့အသိုင်းအ၀ိုင်းက စံနှုန်းတွေကိ ချမှတ်သူတွေ ဖြစ်ခဲ့ကြတယ်။ အခုတော့ ဒဏ္ဍာရီတွေကို အသက်သွင်းကြတာပါကွာ ၊ အရပ်စကားနဲ့ပြောရင် ချီးခြောက်ရေနူးနေကြတာပါ လို့   မိန်းမထုကြီးက လှောင်လို့ ရယ်လို့ပေါ့ ။   ယောက်ျားတွေရဲ့  ပြဿနာက သူတို့ရဲ့  နေ့စဉ်ပြဿနာတွေ ၊ ဖိနှိပ်ခံရမှုတွေကို...

ဒီဇင်ဘာမှာ ဖွင်တဲ့သော့

ဒီဇင်ဘာမှာ ဖွင်တဲ့သော့   လျှပ်စစ်မီးတွေ မရှိသေးတဲ့အရပ်ကို အပန်းဖြေဖို့ သွားကြတဲ့အခါ ဒေသခံတွေရဲ့  မျက်နှာအရေးအကြောင်းတွေကို ဓာတ်ပုံရိုက်ပြီး လူမှုရေးအာသာဖြေကြ သတဲ့   လူမှုကွန်ယက်တွေပေါ်   တင်ကြသတဲ့   သင်တို့ရခဲ့တာက အသဲလေးတွေဖြစ်ပြီး   မျက်ရည်ယိုဗုံးတွေ အစားပြန်ပေးခဲ့ရတာပဲ ။   ပါးစပ်ထဲက ကြက်သွန်နံ့ကြောင့် အနမ်းဟာ လမ်းတစ်ဝက်မှာရပ်သွားတယ် လွမ်းလွန်းလှတဲ့အကြောင်းကို လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ပြောခဲ့ကြသေးတယ် အနမ်းနဲ့ နေ့စဉ်ရက်ဆက်တွေ့ကြုံဖို့ ဒီဇင်ဘာကို ကြိုပြီးဖုန်းဆက်ခဲ့တယ် ခေါင်းလျှော်တဲ့အထဲ နေမကောင်းတဲ့အကြောင်းတွေ ပါလာတယ် တေးသံတွေနဲ့အတူရှိဖို့ ၊ ဘုရားဟော ကျမ်းချက်တွေနဲ့ ပျော်ပါးဖို့   ဆောင်းဟာ ဆပ်ပြာမြှုပ်တွေနဲ့ နှင်းယောင်ဆောင် ရရှာတယ် လမ်းခုလတ်မှာတင် ဆေးလိပ်ပပျောက်ရေးလှုံ့ ဆော် ဆိုင်းဘုဒ်တွေနဲ့ ကြုံရတာကြောင့် ကော့တေးလ်တစ်ခွက် မှာသောက်ဖြစ်တယ် ကတ္တရာလမ်းပေါ်မှာ ဆေးရေးပန်းချီတချို့  ကခုန်နေကြတယ် လှရက်ပါပေ့ဆိုတဲ့ကောင်မလေးဟာ ဗိုက်ဖုံးအင်္ကျီကြီးနဲ့ ပြစ်မှားခြင်းတွေကို ဖန်ဆင်းသွားတယ် ...

ပျော်နေတာ ပြဖို့လိုသလား

ပျော်နေတာ ပြဖို့လိုသလား စပိုက်ဒါမန်းဝတ်စုံဟာ ပျောက်နေတယ် ဒီလိုနဲ့ လူကြီးမင်းတုန်နဲ့အတူ လမ်းလျှောက် ထွက်ဖြစ်တယ် လူကြီးမင်းက မနက်တိုင်းလမ်းလျှောက်ချင်တယ် လမ်းပေါ်က သစ်သားချောင်းကို ဖယ်ပြီး   ဒါကလမ်းပေါ်မှာရှိရမှာ မဟုတ်ဘူးနော်လို့ဆိုတယ် လူကြီးမင်းတုန်ဟာ ရှစ်နာရီထိုးပြီလို့ပြောတယ် ကျောက်ခဲတွေကို သတိထားပြီးလျှောက်တယ် လူကြီးမင်းတုန်ကို လမ်းသွားလမ်းလာတွေက ငေးကြည့်ကြတယ် လူကြီးမင်းတုန်ကတော့ သိပ်ဂရုမပြုမိဘူး အတူလမ်းလျှောက်ရခြင်းဟာ ကျနော့်အတွက် ဂုဏ်ယူစရာဖြစ်လာတယ် လူကြီးမင်းတုန်ရဲ့ မျက်နှာနဲ့ လမ်းသွားလမ်းလာတွေရဲ့  အကြည့်ကို ပြုံးပြတုန့်ပြန်ဖြစ်လာတယ် လူကြီးမင်းက ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်တယ် သူလိုချင်တဲ့ စားစရာတစ်ခုကို ယူလိုက်တယ် တစ်ခုဆို တစ်ခုပဲ သိပ်တိကျတယ် ကျနော် ပိုက်ဆံရှင်းတယ် သူလိုချင်တာရပြီးတဲ့နောက်   လူကြီးမင်းတုန်ဟာ လမ်းဆက်လျှောက်တယ် သူဟာ သူ့လမ်းကို အာရုံစိုက်တယ် လမ်းပေါ်က အမှိုက်တွေကို ရှင်းတယ် လူကြီးမင်းတုန်က အိမ်နားရောက်ခါနီးမှာ   မောတယ် ညောင်းပြီလို့ ပြောတယ် လူကြီးမင်းတုန်ကို ချီပြီး   ...