Posts

Showing posts from November, 2017

ခုတစ်လောရေပန်းစားနေတာ သေခြင်း

ခုတစ်လောရေပန်းစားနေတာ သေခြင်း အင်္ဂလိပ်စာဆရာဦးထွန်းအောင်ကျော် ဆုံးသွားပြီဟု သိရသည် ။ နှစ်လပြည့်အောင်တောင် သူ့သင်တန်းကို မတက်လိုက်ရ ။ ပျက်တာများလွန်းလို့ ဆရာဒေါသထွက်ပြီး ကျနော်နဲ့ ထူးကို နှစ်ယောက်စလုံးကို အိမ်ရှေ့ တောင်ဖြတ်မလျှောက်နဲ့ လို့ သူငယ်ချင်းတစ်ယောက်က တဆင့်မှာလိုက်သည်။ ကျော်တို့ကလည်း ပြတ်သည် ။ သူ့စကားအတိုင်း အိမ်ရှေ့ လည်း ဖြတ်မလျှောက် သင်တန်းလည်း သွားမတက်ပဲ နေခဲ့ကြသည်။ စဉ်ဆက်မပြတ်တက်ဖြစ်ခဲ့လျှင်တော့ ကျော့် အင်္ဂလိပ်စာ တအား မညံ့လောက်ဘူးလို့ထင်သည်။ သေချာတာတော့ အခုလိုမျိုး စုတ်ချာနေမည်မဟုတ် ။ ဆရာနဲ့ပတ်သက်ပြီး အမှတ်တရများစွာတော့ မရှိ။ သင်တန်းနောက်ကျ၍ တစ်တန်းလုံးကို ဘီးမုန့်ဝယ်ကျွေးဖူးသည်။ အင်္ဂလိပ် အက်ဆေးလေး နှစ်ပုဒ်လားမသိ ရေးဖူးသည်။ အမှန်အတိုင်းဝန်ခံရလျှင် စာလုပ်ရသောကြောင့် သူ့သင်တန်းကို မတက်ဖြစ်ခြင်းဖြစ်သည်။ အက်ဆေးရေးခိုင်းတော့လည်း မရေးတတ် ၊ အင်္ဂလိပ်လိုပြော ဆိုတော့လည်း မပြောတတ် ။ တစ်ပတ်လောက်တက်ပြီး ရှက်လာသည်။ ကိုယ်နှင့်အတန်းတူတူ တက်သောသူများက ဘိုလို မွတ်နေအောင် မှုတ်နေချိန်တွင် ကိုယ်က တောင်ကြည့်မြောက်ကြည့်နှင့် ကိုယ့်ကိုယ် စကားလာပြောမှာ ကြောက်နေရသည်။ အဲ့ဒီပတ်ဝန်းကျင်တွင် ကျော် မပျော်...

ဘာမှ မရှိခြင်းဟာ မင်းမူ

ဘာမှ မရှိခြင်းဟာ မင်းမူ နိုင်ငံရေးအိုင်ဒီယိုလော်ဂျီ သို့မဟုတ် မူဝါဒ သို့မဟုတ် နာမည်ကြီးခေါင်းဆောင် တစ်ဦး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်တစ်ခုခု၏ နာမည်ထည့် ၊  နာကြည်းအုံ့မှိုင်းဖွယ် ဖွင့်ဆိုရေးသား ) ( အင်္ဂလိပ်လို အခေါ်အဝေါ် သိရင် မမေ့မလျော့ထည့်ရန် ) ဆက်လက်ပြီး လိင်ကိစ္စ မပါရင် မပြီးတာမို့ တစ်လုံးလောက် ထပ်ထည့်ရန် ထို့နောက် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀က အခဲမကြေ သို့မဟုတ် ရင်နင့်ခဲ့သော ဖြစ်ရပ်ကို အကျဉ်းချုံးဖော်ပြရန် ဒါမှမဟုတ် ကြည့်ဖူးတဲ့ ဇာတ်ဝင်ခန်းတစ်ခုခု ၊ ဖတ်ဖူးတဲ့စာအုပ်ထဲက အရေးအသားတစ်ခုခု ၊ နားစွဲနေတဲ့ သီချင်းတစ်ပိုင်းတစကို ထပ်ထည့် အပေါ်က ဖြစ်ရပ်နဲ့ ချိတ်ဆက် ၊ ဒါမှမဟုတ် မတူညီတာတွေကို ပြ ၊ တူညီတာတွေကို တွဲပြ ( မြန်မာစာမဟုတ်သော အခြားဘာသာစကားဖြင့် ကြည့်ထား၊ဖတ်ထား ၊နားထောင်ထားပါက ပိုလို့တောင် အထင်ကြီးဖွယ်ရာရှိ ) ဒါမှမဟုတ် ရောက်ဖူးတဲ့ ခရီးတစ်ခုက မြင်ကွင်း(နိုင်ငံရပ်ခြား ခရီးစဉ်ဆို ပိုလို့တောင် ဆွဲဆောင်မှုရှိ) ၊ ဖြစ်ရပ် တစ်ခုခု ဒါ့အပြင် ဘာသာရေးစကားလုံး တစ်လုံးလောက် ကို သတင်းစာ ခေါင်းကြီးတစ်ခုနှင့် ချိတ်ဆက်ရန် ဒါမှမဟုတ် လိင်ကိစ္စ နှင့် တွဲဖက် ရေးသား ဒါတင်ပဲ...

ဘဝမဟုတ်ပါဘူးလေ စသည်ဖြင့်

ဘ၀ မဟုတ်ပါဘူးလေ စသည်ဖြင့် မပြောတော့ဘူးလို့ ဆက်ပြောတယ် ပြီးတော့ မနေနိုင်မထိုင်နိုင် တစ်ယောက်ကို ပြောမိတယ် အဲ့တစ်ယောက်ကလည်း အပေါ်က လိုပဲ ထိပ်တန်းလျှို့ ဝှက်သတင်းဟာ တစ်ခန်းလုံးသိသွားတယ် ဘယ်သွားသွားလိုက်ခဲ့မယ် ဆိုင်ကယ် ဆီပြတ်တော့လည်း တစ်ယောက်တည်း တွန်းခဲ့ရတာပါပဲ နိုဝင်ဘာ ဆီ ပန်းတစ်စည်း ပို့လိုက်တယ် တိမ်တွေဝင်စား တဲ့ ဖြူလွှလွှ ကောင်မလေး တစ်ယောက် ကိုတွေ့တယ် ဆံပင်တွေခါရမ်းလိုက်တဲ့အခါ အမှောင် ဟာ အငွေ့ပျံသွားတယ် ရုတ်တရတ်လင်း သွား တယ် ပြီးတော့ ထပ်ခါတစ်လဲလဲ ရှင်းပြတယ် လူတွေမှာ နား မပါဘူး ညကို ၀င်ပူးတဲ့ မျက်ဝန်းလေးရှိတယ် အပြောကျယ်တဲ့ အိပ်မက်အမျိုးအစားပါပဲ ကူးလို့ မ၀ဘူး ခြေကုန်လက်ပန်းကျတယ် စာအုပ်ခပ်ထူထူကြီး ဆိုရင် မဖတ်ချင်ဘူးတဲ့ ပြီးတော့ ကျောင်းပြေးခဲ့တယ် ချစ်ခြင်းအတ္တ ဟာ ဘယ်လောက်တောင်ကြီးသလဲ တိမ်ဖြူလေးကို ဘယ်သူမှ မြင်ခွင့်မရှိ ကျိန်စာတွေ ထိုင်တိုက်နေမိတယ် ငိုလို့ကောင်းတဲ့ လော့ဂျစ်မဟုတ်ဘူး နာမည်လည်းမသိဘူး ဘာဆိုဘာမှ သိတာလည်းမဟုတ်ဘူး တိမ်ဖြူလေးဟာ ဝေးသထက်ဝေးရမှာ ပန်းတိုင်ဟာ လက်လျှော့ဖို့မဟုတ်ဘူး တက်ကျမ်းတွေကို အားကိုးမိတယ် စိတ်ဟာ နွမ်းသထက် နွမ်းလာ ပြီး နွမ်းဆဲ နွမ်ြး...