Posts

Showing posts from October, 2016

ဘဝ

အစက် အစက်တွေက  အဆက် အဆက် မရှိ အစပ်အဆက် မရှိ မရှိ………မရှိ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ လွမ်းတေးချို

ရှင်သန်ဆဲ စိတ်ဒဏ်ရာ

လေးခွနဲ့ အပစ်ခံရတဲ့ ကြွက်ဟာ အူတန်းလန်း ဂဲတန်းလန်းနဲ့ ကုတင် အနီးမှာ အသံထွက်အော်ရင်း နာကျင်မှုကို ပုံဆောင်ပြ ပါဏာတိပါတာကံ တွေ မသိတော့ နောက်တစ်ချက် ထပ်ပစ်မိ သူရဲ့  ဈာပနဟာ တက်ရောက်သူကင်းမဲ့ ကိုယ့်ကမ္ဘာကြီး ဟာ ထရန်မာ စ ရတာပဲ။ လွမ်းတေးချို

ကဗျာအတိုအထွာလေးတွေ

ခိုး မရရင် မယူဘူး မပေးဘူးဆိုမှ ပိုလိုချင် လေထဲမှာ အိမ်ကြီးရခိုင်  ဒါတောင် မလောက်ငှ နိုင် လွမ်းတေးချို Reunion မကြာစေနဲ့နော် ဘီယာကိုပြောတာ ရှေးဟောင်းနှောင်းဖြစ်တွေ ဈေးလည်ခေါင်မှာ တွေ့ကြတာမှ မဟုတ် စိတ်ချလက်ချသောက် လွမ်းတေးချို ရန်ပွဲ အသံကို မကြား စိတ်ထဲမှာဖျားနေတာ အသက်ငင်တဲ့ ကိုင်းဖျား  ပြန်မပြော နားထောင် လွမ်းတေးချို သံသယ ခင်းထားတာခွာလိုက်တော့ မထင်ထားတာတွေမြင်ရ မျက်လုံးတွေ စုံမှိတ်လည်း လွတ်ထွက်မသွား လွမ်းတေးချို ပြေလည်စ လက်ညှိုးထိုးတာနည်းသွား ဘာထူးလဲ ဘယ်သူမှ အရှက် အပို မပါဘူး  လေပြေ လေညင်းဆီ အလည်သွား လွမ်းတေးချို ကတောက်ကဆ စောင့်နေခဲ့တယ်ရောက်မလာခဲ့ဘူး............. ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက် ကအတည်ပေါ့ လာခြင်းကောင်းတယ် ပြန်ခြင်းမကောင်း ဒုက္ခဟာ ပွဲပဲ ပျော်ပျော်မပျော် ပျော် ရှိနေမှာ လွမ်းတေးချို အကူးအပြောင်း ကွန်ထရိုးကပြောတယ် ထိန်းချုပ်ရတာ ပျင်းလှပြီတဲ့ ဓာတ်ခဲဟာ ဝမ်းဗိုက်က ခုန်ထွက်လာ လွမ်းတေးချို အကူးအပြောင်း ၂ အရိပ်က တိုလာ နေ့တာလည်း တိုလာ နေဝင်သွားပြီ လွမ်းတေးချို အကူးအပြောင်း ၃ တစ်လက်ပြီးတစ်လက် ...

ကံဆိုးမ

ထီးမပါတဲ့နေ့ဆို မိုးက တအားရွာတယ် လွမ်းတေးချို ၁၄.၁၀.၂၀၁၆

အရှုံး

ထမင်းသိုးဟင်းသိုးအဖြစ်  ကစားရတယ်ဆိုမှ လူစားထိုးခံရသေး လွမ်းတေးချို ၁၄.၁၀.၂၀၁၆

ပျောက်ဆုံးခြင်း

အဲဒီစလောင်းတွေက  ကိုယ့်ကို မဖမ်းမိဘူးလား ကိုယ်ဟာ ဖမ်းဆီးခြင်းခံလိုသူပဲ ကိုယ့်ကို မိအောင်ဖမ်းပါ ကိုယ်ရပ်နေပါတယ် လွမ်းတေးချို ၁၄.၁၀.၂၀၁၆

မသိခြင်း

အမြင်တွေဝါးနေတယ် အတွေးတွေပါ ၀ါးလာတယ် ကိုယ်မမြင်ရတဲ့ ဖြစ်စဉ်ထဲမှာ သည်းကြီးမည်းကြီး ကူးခတ်ရ လွမ်းတေးချို ၁၄.၁၀.၂၀၁၆

စိတ်ထွက်ပေါက်

ဖောက်တာတော့ဖောက်တာပေါ့ စာရေးလည်းမပေါက်မည့်အတူ စောက်ရေးလည်းမပါတဲ့ ဗျောက်အိုး ဆဲနည်းအမျိုးမျိုး နဲ့ဆဲ အသံတွေပျောက်သွားတဲ့အထိ လွမ်းတေးချို

အနေအထိုင်မတတ်

ဗျောက်အိုးသံရပ်သွားပြီ ငါ့စိတ်က ဆက်လောင်တယ် တဝုန်းဝုန်းပေါက်ကွဲတယ် လွမ်းတေးချို

အကျဉ်းကျကောင်

ငါဖောက်ခဲ့တဲ့ ဗျောက်အိုးတွေ ရှင်သန်ထမြောက်လာတယ် ငါနားကိုပိတ်တယ် ငါငြင်းတယ် လွမ်းတေးချို

သီချင်း

သီချင်း အလိုမတူဘူး အလို! မတူဘူး လို့ပြောတယ် ရင်ဘတ်နဲ့ဆိုတာလို့ ငါပြန်ပြောတယ် ငါပြုံးတယ် လွမ်းတေးချို ------------------------------------------------------------------------------------------------------ သီချင်း ၂ ဟုတ်တယ် မြန်နေတယ် နှေးသွားရင် ငါမေ့သွားမှာ လွမ်းတေးချို .................................................................................................................... သီချင်း ၃ အဓိပ္ပာယ် မသိ မလိုအပ်ပဲ ကြေပျက်သွားမှာစိုး ဒီအတိုင်းထားလိုက်တယ် လွမ်းတေးချို ..................................................................................................................... သီချင်း ၄ အတိတ်ထဲ သွားမလား အနာဂတ်ထဲသွားမလား ပစ္စုပ္ပန်ကိုတော့ မမီလိုက်ဘူး လွမ်းတေးချို .................................................................................................................... သီချင်း ၅ ဟို အဆိုတော်ကောင်းတယ် ဒီ အဆိုတော်ကောင်းတယ် တိုက်ပွဲတွေဖြစ်ကြ ငြိမ်းချမ်းရေးဟာ နောက်ဖေးပေါက်က ထွက်ပြေး လွမ်းတေးချို ....................................................