ဆယ်ဖီဇာတ်ကောင်

ပုံတင်ပြီးတော့ 
တစ်ခုခု မျှော်တယ်

ကျောမှာ အမာရွတ်တွေနဲ့
ပုံထဲမှာပြုံးတယ်


သူ့လက်သူတွဲပြီး
ဓာတ်ဖမ်းတယ်
ဘယ်သူ့မှ သူ့ဖက်မရှိဘူးဆိုတာ
ငြင်းပယ်ဖို့


ကတိတွေအပေးလွယ် 
ဆယ်ဖီ ကျကွဲတဲ့အခါ
ပစ်မှတ်တွေလွဲရပြန်တယ်


မနှုတ်ရသေးတဲ့သွားဟာ တဆစ်ဆစ်ကိုက်
မစွန့်နိုင်သေးတဲ့ အကျင့်


ဆယ်ဖီဇာတ်ကောင်


လွမ်းတေးချို 
၁၁.၁၁.၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်