Posts

Showing posts from November, 2016

ဘ၀ မဟုတ်ပါဘူးလေ စသည်ဖြင့်

မပြောတော့ဘူးလို့ ဆက်ပြောတယ် ပြီးတော့ မနေနိုင်မထိုင်နိုင်  တစ်ယောက်ကို ပြောမိတယ် အဲ့တစ်ယောက်ကလည်း အပေါ်က လိုပဲ ထိပ်တန်းလျှို့ ဝှက်သတင်းဟာ  တစ်ခန်းလုံးသိသွားတယ် ဘယ်သွားသွားလိုက်ခဲ့မယ် ဆိုင်ကယ် ဆီပြတ်တော့လည်း  တစ်ယောက်တည်း တွန်းခဲ့ရတာပါပဲ နိုဝင်ဘာ ဆီ ပန်းတစ်စည်း ပို့လိုက်တယ် တိမ်တွေဝင်စား တဲ့ ဖြူလွှလွှ ကောင်မလေး တစ်ယောက် ကိုတွေ့တယ် ဆံပင်တွေခါရမ်းလိုက်တဲ့အခါ  အမှောင် ဟာ အငွေ့ပျံသွားတယ် ရုတ်တရတ်လင်း သွား တယ် ပြီးတော့ ထပ်ခါတစ်လဲလဲ ရှင်းပြတယ် လူတွေမှာ နား မပါဘူး ညကို ၀င်ပူးတဲ့ မျက်ဝန်းလေးရှိတယ် အပြောကျယ်တဲ့ အိပ်မက်အမျိုးအစားပါပဲ ကူးလို့ မ၀ဘူး  ခြေကုန်လက်ပန်းကျတယ် စာအုပ်ခပ်ထူထူကြီး ဆိုရင် မဖတ်ချင်ဘူးတဲ့ ပြီးတော့ ကျောင်းပြေးခဲ့တယ်  ချစ်ခြင်းအတ္တ ဟာ ဘယ်လောက်တောင်ကြီးသလဲ တိမ်ဖြူလေးကို ဘယ်သူမှ မြင်ခွင့်မရှိ ကျိန်စာတွေ ထိုင်တိုက်နေမိတယ် ငိုလို့ကောင်းတဲ့ လော့ဂျစ်မဟုတ်ဘူး နာမည်လည်းမသိဘူး ဘာဆိုဘာမှ သိတာလည်းမဟုတ်ဘူး တိမ်ဖြူလေးဟာ ဝေးသထက်ဝေးရမှာ ပန်းတိုင်ဟာ လက်လျှော့ဖို့မဟုတ်ဘူး တက်ကျမ်းတွေကို ...